၁။ ဆက်သွယ်ရေးဥပဒေ၏ရည်ရွယ်ချက်တစ်ရပ်ဖြစ်သည့် ဖွံ့ဖြိုးတိုးတတ်လာသောဆက်သွယ်ရေး ကဏ္ဍများတွင် ပြည်တွင်းပြည်ပမှအခွင့်အလမ်းတူမျှသော ပွင့်လင်းမြင်သာသည့်ယှဉ်ပြိုင်မှုများ ဆောင်ရွက် စေခြင်းဖြင့် အရည်အသွေးမြင့်မားပြီး သုံးစွဲသူတို့အား ထိုက်တန်စွာဝန်ဆောင်မှုပေးနိုင်မည့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများပေါ်ထွက်လာစေရန်ဟူသည့် ရည်ရွယ်ချက်နှင့်အညီ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂။ ထို့ပြင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ် ဖြစ်သည့် အသုံးပြုသူကိုအကာအကွယ်ပေးခြင်းဆိုင်ရာပြဋ္ဌာန်းချက်နှင့်အညီ အော်ပရေတာများ၏ ဝန်ဆောင်ခ နှုန်းထားများကို စိစစ်၍ခွင့်ပြုပေးလျက်ရှိပါသည်။
၃။ ထိုသို့ခွင့်ပြုရာတွင် လွတ်လပ်စွာယှဉ်ပြိုင်မှုကို အဟန့်အတားဖြစ်စေခြင်းမရှိစေရန် အော်ပရေတာ များမှ တင်ပြရမည့်အချက်များ၊ သုံးစွဲသူအကာအကွယ်ပေးရေးနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုရှိသည့်နှုန်းထား များဖြစ်စေရန်နှင့် ဝန်ဆောင်ခနှုန်းထားများကြော်ငြာရာတွင် ပါဝင်ရမည့်အချက်များ စသည်တို့အား ဖော်ပြ ထားသည့် “ဆက်သွယ်ရေးဝန်ဆောင်ခနှုန်းထားဆိုင်ရာညွှန်ကြားချက်” (Telecommunication Tariff Directive) အား ရေးဆွဲထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၄။ သို့ဖြစ်ပါ၍ အဆိုပါမူကြမ်းအပေါ်အကြံပြုချက်များ၊ သဘောထားမှတ်ချက်များ ပေးရန်ရှိပါက (၃၀-၆-၂၀၁၈) နောက်ဆုံးထား၍ အောက်ဖော်ပြပါ လိပ်စာများသို့လိပ်မူ၍ E-mail ဖြင့် လည်းကောင်း၊ စာတိုက်မှလည်းကောင်း ပေးပို့အကြံပြုနိုင်ပါကြောင်း အသိပေးဖိတ်ခေါ်အပ်ပါသည်-
ရုံးလိပ်စာ
ညွှန်ကြားရေးမှူးချုပ်
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ရုံးအမှတ်(၂)၊ နေပြည်တော်
E-mail Address
resource@ptd.gov.mm, hlahlaaung@ptd.gov.mm
Posted on
May 22, 2018