၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၅၄ နှင့်အညီ အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေတစ်ရပ် ထူထောင်ထားရှိပြီး အများပြည်သူအကျိုးငှာ နေရာဒေသမရွေး အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေး အစီအစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေဖြင့် Telecommunication Infrastructure Services, Rural Project (၁/၂၀၂၄) USF လုပ်ငန်းဆောင်ရွက်ရန်အတွက် (၁၁-၁၂-၂၀၂၄) ရက်နေ့တွင် တင်ဒါခေါ်ယူခဲ့ပြီး (၃၁-၁-၂၀၂၅) ရက်နေ့တွင် ဖွင့်ဖောက်စစ်ဆေးခြင်းအစည်းအဝေးပြုလုပ်ခဲ့ရာ Lot 2 - တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဒုံးညောင်းမှိုင်းကျေးရွာစီမံကိန်းတင်ဒါအား အော်ပရေတာ(၄)ဦးအနက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တစ်ဦးတည်းသာ အဆိုပြုလွှာတင်သွင်းပြီး ယှဉ်ပြိုင်ခဲ့ပါသည်။
၂။ ၎င်းတင်သွင်းသည့် နည်းပညာနှင့် အဆိုပြုဈေးနှုန်းများပါဝင်သော တင်ဒါအဆိုပြုလွှာများကို USF ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ စိစစ်၍ USF ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် တင်ဒါကော်မတီထံ တင်ပြခဲ့ရာ အဖွဲ့ဝင်များမှ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဝင်များထံ လှည့်လည်စာဖြင့် သဘောထားတောင်းခံခဲ့ရာတွင် အဖွဲ့ဝင်များအားလုံး၏ သဘောတူခွင့်ပြုချက်အား ရရှိခဲ့ပြီးဖြစ်ပါသဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား တင်ဒါအောင်မြင်သူအဖြစ် (၁၀-၆-၂၀၂၅) ရက်နေ့တွင် ရွေးချယ်ခဲ့ပါကြောင်း အများပြည်သူသိရှိနိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။
USF ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက်
တင်ဒါကော်မတီ
Posted on
June 12, 2025