Fortune Telecom Co.,Ltd သို့ MCC နှင့် MNC နံပါတ်များ သတ်မှတ်ပေးနိုင်ရေးအတွက် အများပြည်သူသဘောထားတောင်းခံခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊  ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် 2600 MHz လှိုင်းနှုန်းစဉ်လိုင်စင်ရရှိသည့် Fortune Telecom Co.,Ltd မှ LTE နည်းပညာ ဖြင့် Broadband Data Services ဝန်ဆောင်မှုပေးရာတွင် Authentication အနေဖြင့် အသုံးပြုရန် လိုအပ်လျက်ရှိသော Mobile Country Code ( MCC ) နှင့် Mobile Network Code ( MNC )  နံပါတ်များအား အသုံးပြုခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် Fortune Telecom Co.,Ltd သို့ MCC - 414  နှင့် MNC - 22  သတ်မှတ်ပေးရာတွင် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နည်းဥပဒေ အခန်း ( ၃ ) ၊ အပိုဒ် ( ၁၂ ) ( စ ) ပါပြဋ္ဌာန်းချက်များနှင့်အညီ စိတ်ပါဝင်စားသူများ၏သဘောထားကိုပါ ထည့်သွင်းစဉ်းစားနိုင်ရန် အတွက် အများပြည်သူသဘောထား တောင်းခံအပ်ပါသည်။ သဘောထားမှတ်ချက်များ ပေးပို့လိုပါက ( ၂၅ - ၅ - ၂၀၁၈ ) ရက်နေ့ နောက်ဆုံးထား၍ ရုံးချိန်အတွင်း အောက်ဖော်ပြပါလိပ်စာများသို့ ဆက်သွယ်ပေးပို့နိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

 

၁။ ညွှန်ကြားရေးမှူးချုပ် ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန 

၀၆၇ - ၃၄၀၇၆၀၉ ၊ dg.ptd@mptmail.net.mm

၂။ ညွှန်ကြားရေးမှူး ၊ အရင်းအမြစ်စီမံခန့်ခွဲမှုဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန 

၀၆၇ - ၃၄၀၇၆၂၆ ၊ resource@ptd.gov.mm

 

Posted by ptd

Posted on May 11, 2018


Weather
NAYPYITAW WEATHER