Questionnaire on Establishment of a Myanmar IX နှင့်စပ်လျဉ်း၍ အများပြည်သူသဘောထားတောင်းခံခြင်း

၁။      မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Internet Service Provider (ISP) များ ပိုမိုများပြားလာသည်နှင့်အမျှ Local Traffic များကို International Route သို့ မရောက်စေဘဲ ပြည်တွင်း၌သာ ချိတ်ဆက်အသုံးပြုနိုင်စေခြင်းဖြင့် International Bandwidth သုံးစွဲမှုများ ပိုမိုလျော့ကျနိုင်စေရေးရည်ရွယ်၍ Myanmar Internet Exchange Point (IXP) တစ်ခုအား တည်ထောင်သွားမည်ဖြစ်ပါသည်။
 

၂။      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း စနစ်ကျ၍ ရေရှည်တည်တံ့သော National Internet Exchange Point (IXP) တစ်ခု ဖြစ်စေရန်အတွက် IXP အား ဝန်ကြီးဌာနမှ ဦးဆောင်၍ ကုန်ကျစရိတ်ကို Member များမှ အချိုးကျခွဲဝေကျခံမည့် အကျိုးအမြတ်ရယူခြင်း မရှိသော အဖွဲ့အစည်း (Non-Profit Organization) ပုံစံဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် Questionnaire on Establishment of a Myanmar IX နှင့်စပ်လျဉ်း၍ အကြံပြုချက်များ၊ သဘောထားမှတ်ချက်များပေးပို့ရန်ရှိပါက အောက်ဖော်ပြပါ Myanmar IX Questionnarie.pdf တွင် မြန်မာဘာသာ (သို့မဟုတ်) အင်္ဂလိပ်ဘာသာဖြင့် (၂၈-၁၂-၂၀၁၈) ရက်နေ့ နောက်ဆုံးထား၍ ရုံးချိန်အတွင်း အောက်ဖော်ပြပါ လိပ်စာသို့လိပ်မူ၍ E-mail ဖြင့်လည်းကောင်း၊ စာတိုက်မှလည်းကောင်း ပေးပို့အကြံပြုနိုင်ပါကြောင်း အသိပေးဖိတ်ခေါ်အပ်ပါသည်။

 

ပေးပို့ရမည့်လိပ်စာ

ညွှန်ကြားရေးမှူးချုပ်
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ရုံးအမှတ်(၂)၊ နေပြည်တော်

E-mail Address: dg.ptd@mptmail.net.mm,

resource@ptd.gov.mm

ဖုန်းနံပါတ်:           067-3407626

Download File
Download File

Posted by ptd

Posted on November 26, 2018


Weather
NAYPYITAW WEATHER