USF Project နှင့်ပတ်သက်၍ အော်ပရေတာများနှင့် ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးကျင်းပပြုလုပ်

USF ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်စီမံကိန်း (Project)နှင့်စပ်လျဉ်း၍ အော်ပရေတာ များနှင့် ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးကို --၂၀၁၉ ရက်နေ့ နံနက် ၁၀: ၀၀ နာရီအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်(ဆက်သွယ်ရေး) ဦးစိုးသိန်း၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန်းထွန်းအောင်နှင့် တာဝန်ရှိသူများ၊ Nationwide Telecommunications Licence ရယူထားသည့် ဆက်သွယ်ရေးအော်ပရေတာများ ဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Telenor Myanmar Limited Ooredoo Myanmar Limited နှင့် Telecom International Myanmar Co.,Ltd (Mytel) တို့မှ တာဝန်ရှိသူများ တက်ရောက်၍ Universal Service Fund ဖြင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

Posted by ptd

Posted on April 4, 2019


Weather
NAYPYITAW WEATHER