2nd Joint Technical Committee on Coordination and Assignment of Frequencies along Myanmar -Thailand Common Border Meeting (JTC-2) အစည်းအဝေးကျင်းပ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ထိုင်းနိုင်ငံ National Broadcasting and Telecommunications Commission (NBTC) တို့သည်  မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်တွင် ဖြစ်ပေါ်လျက်ရှိသော မိုဘိုင်းဆက်သွယ်ရေးစနစ်နှင့် မိုဘိုင်းဆက်သွယ်ရေး စနစ်မဟုတ်သည့် လှိုင်းနှုန်းများ၏ လှိုင်းနှုန်းနှောင့်ယှက်မှုဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးနိုင်ရေးအတွက်  “ 2nd Joint Technical Committee (JTC)” အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မေလ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ Kantary Hills Hotel တွင် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စိမ့်စိမ့်အေး ဦးဆောင်သောအဖွဲ့ဝင်()ဉီးနှင့် မိုဘိုင်းအော်ပရေတာ များဖြစ်သော MPT, Telenor, Ooredoo နှင့် Mytel တို့မှ (၁၇)ဉီး၊ စုစုပေါင်း (၂၄) ဉီးတို့ တက်ရောက် ခဲ့ကြပါသည်။

“2nd Joint Technical Committee (JTC)”အစည်းအဝေးတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် NBTCတို့သည် နှစ်နိုင်ငံသတင်းအချက်အလက်များဖလှယ်ခြင်း၊ မြန်မာ-ထိုင်းနယ်စပ် တစ်လျောက်ရှိ Cross Border Interference ဆိုင်ရာကိစ္စရပ်များ ဖြစ်သည့် Cellular Interference Non-cellular Interference ဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခြင်း၊ 900 MHz, 1800 MHz နှင့် 2100 MHz Bandတွင် ဖြစ်ပေါ်နေသော လှိုင်းနှုန်းနှောင့်ယှက်မှုများနှင့်စပ်လျဉ်း၍ လှိုင်းနှုန်း နှောင့်ယှက်မှု မဖြစ်ပေါ်စေရေးအတွက် Coordination Criteria Coordination Parameters နှင့် Coordination Procedures များ သတ်မှတ်နိုင်ရေးဆွေးနွေးခြင်း၊ 700 MHz Band 2600 MHz နှင့် 2300 MHz Band Plan တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခြင်း၊ Broadcasting Service နှင့်စပ်လျဉ်း၍  သတင်းအချက်အလက်များ ဖလှယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

Posted by ptd

Posted on May 30, 2019


Weather
NAYPYITAW WEATHER