Internet Exchange Point (IXP) တည်ထောင်ခြင်းနှင့်စပ်လျဉ်း၍ Industrial Stakeholder များအား ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသည့် Internet Service Provider (ISP) များ ပိုမိုများပြားလာသည်နှင့်အမျှ Local Traffic များကို International Route သို့ မရောက်စေဘဲ ပြည်တွင်း၌သာ ချိတ်ဆက်အသုံးပြုနိုင်စေခြင်းဖြင့် International Bandwidth သုံးစွဲမှုများအား များစွာလျော့ကျစေနိုင်မည် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် အခြားနိုင်ငံများနည်းတူ အဆင့်မီ Internet Exchange တစ်ခုတည်ထောင်ရန် လိုအပ်လျက်ရှိပါသည်။

ထုတ်ပြန်ထားပြီးဖြစ်သည့် Guidelines on Provision of International Gateway Services အရ IGW ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ခွင့်ရရှိသူတိုင်းသည် Internet Exchange နှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ရာ IGW ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ခွင့်ရရှိသူများ သာမက Internet Service Provider (ISP) များပါ အဆိုပါ  Internet Exchange သို့ လာရောက် ချိတ်ဆက်မည်ဆိုပါက Internet Service Provider များ၏International Bandwidth သုံးစွဲမှု လျော့ကျလာမည်ဖြစ်ရာ ၄င်းတို့၏ ဝန်ဆောင်မှုများကိုလည်း သုံးစွဲသူများထံသို့ စျေးနှုန်း သက်သာစွာဖြင့် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပါသည်။ Network Performance ပိုမိုကောင်းမွန်လာပြီး Latency လျှော့ချလာနိုင်သည့်အတွက် သုံးစွဲသူများအနေဖြင့်လည်း အရည်အသွေးပိုမို ကောင်းမွန်သော ဝန်ဆောင်မှုများကို သုံးစွဲလာနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် Google၊ Facebook စသည့် Content Provider များ၏ Cache Server များကိုလည်း Internet Exchange သို့ လာရောက်ချိတ်ဆက်စေခြင်းဖြင့် သုံးစွဲသူများမှ အဆိုပါ Website များအား လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်မည်ဖြစ်ပြီး ကုန်ကျစရိတ်များလည်း သက်သာစေမည်ဖြစ်ပါသည်။ Internet Exchange သို့ လာရောက်ချိတ်ဆက်သော မည်သည့် ISP/ Organization မဆို အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ပါသည်။

Internet Exchange အား အကောင်အထည်ဖော်နိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် စနစ်ကျ၍ ရေရှည်တည်တံ့သော Internet Exchange Point (IXP) တစ်ခုဖြစ်စေရန် IXP အား ကုန်ကျစရိတ်ကို Member များမှ အချိုးကျ ခွဲဝေကျခံမည့် အကျိုးအမြတ်ရယူခြင်း မရှိသောအဖွဲ့အစည်း (Non-Profit Organization) ပုံစံဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဆက်သွယ်ရေးညွှန်ကြားမှုဉီးစီးဌာနအနေဖြင့် Internet Exchange Point (IXP) တစ်ခုအား တည်ထောင်နိုင်ရန် အစိုးရမှ မူဝါဒချမှတ်၍ စိတ်ပါဝင်စားသည့် Industrial Stakeholder အဖွဲ့မှ ဉီးဆောင်သည့် အဖွဲ့အစည်းတစ်ခု‌ပုံစံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသည့် အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏သင်းဖွဲ့မှတ်တမ်းနှင့်သင်းဖွဲ့စည်းမျဉ်းများ (Memorandum of Association & Article of Association) များနှင့်အတူ ရုံးချိန်အတွင်း အောက်ဖော်ပြပါ လိပ်စာသို့ (၂၆.၇.၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍  Hard Copy (၂) စုံနှင့် Soft Copy အား CD (သို့မဟုတ်) အောက်ဖော်ပြပါ Email လိပ်စာများသို့ ပေးပို့လျှောက်ထားနိုင်ထားပါကြောင်း အသိပေးဖိတ်ခေါ် အပ်ပါသည်။

 

ပေးပို့ရမည့်လိပ်စာ

ညွှန်ကြားရေးမှူးချုပ်
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ရုံးအမှတ်(၂)၊ နေပြည်တော်

E-mail Address:   dg@ptd.gov.mm,

resource@ptd.gov.mm

ဖုန်းနံပါတ်:           067-3407626

Posted by ptd

Posted on June 24, 2019


Weather
NAYPYITAW WEATHER