Technical Specifications for Short Range Devices (SRD) တွင် 700 MHz Band နှင့်စပ်လျဉ်း၍ လှိုင်းနှုန်းပြင်ဆင်သတ်မှတ်ခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည်  ဆက်သွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာသော ဆက်သွယ်ရေးဆိုင်ရာ နည်းပညာကို အသုံးပြု၍ နိုင်ငံတော်တစ်ဝန်းလုံးတွင် ဆက်သွယ်ရေးကွန်ရက် ဖြန့်ကြက်ပြီး အများပြည်သူ ဆက်သွယ်အသုံးပြုနိုင်သည့် အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်ရန်အတွက် 700 MHz Frequency Band ကို WRC-15 ဆုံးဖြတ်ချက်နှင့်အညီ IMT (International Mobile Telecommunications) လှိုင်းနှုန်းအဖြစ် သတ်မှတ်ချထားပေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် (၁၇..၂၀၁၆) ရက်နေ့ တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သော  Technical Specifications for Short Range Devices (SRD) တွင် သတ်မှတ်ပေးထားသည့် (470 MHz – 806.00 MHz) ကို (470.00 - 702.00 MHz)  နှင့် (804.00 - 806.00 MHz) ဖြင့် ပြင်ဆင်သတ်မှတ်ပါသည်။ Technical Specifications for Short Range Devices (SRD) အားပြင်ဆင်သည့် Amendment Notice ကို အောက်ပါ Link တွင် download ရယူနိုင်ပါသည်။

ဖတ်ရန် သိမ်းဆည်းရန်

Posted by ptd

Posted on July 5, 2019


Weather
NAYPYITAW WEATHER