၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေးဆောင်ရွက်ချက်များ

၁။      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံ တဝှမ်း အများပြည်သူများ ဆက်သွယ်ရေးဝန်ဆောင်မှုများ အသုံးပြုရာတွင် တိုးတက်ကောင်းမွန်မှုရှိစေရန် ဆက်သွယ်ရေး မိုဘိုင်းအော်ပရတာများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့် ကြိုးမဲ့ဆက်သွယ်ရေး လှိုင်း နှုန်းစဉ်များအား တိုင်းတာစစ်ဆေးလျက်ရှိပါသည်။ ထို့အပြင် ဆက်သွယ်ရေးကွန်ယက် အရည်အသွေး (Network Quality) ကျဆင်းနေသည်ဆိုသော Complain Report များအရ လှိုင်းနှုန်းတိုင်းတာခြင်းများ ဆောင်ရွက်ကာ တိုင်းတာစစ်ဆေးလျက်ရှိပါသည်။ လက်ရှိတည်ဆောက်ပြီးဖြစ်သော ရန်ကုန်မြို့ရှိ ရေဒီယို လှိုင်းနှုန်းတိုင်းတာရေးစခန်း (၃ ခု)၊ မန္တလေးမြို့ရှိ ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေးစခန်း (၃ ခု) နှင့် နယ်စပ် ဒေသရှိ ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေးစခန်း (၄ ခု) အား နေပြည်တော်ရှိ ဗဟိုထိန်းချုပ်ရေးစခန်း (Main Control Center) မှ ရေဒီယိုလှိုင်းနှုန်း အသုံးပြုနေမှုအခြေအနေများအား နေ့စဉ်စောင့်ကြည့် တိုင်းတာ ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

၂။       ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းတာရေးအဖွဲ့များသည် ၂၀၂၀ ပြည့်နှစ်၊ (ဇူလိုင်လ မှ စက်တင်ဘာလ) အထိ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ ကသာမြို့၊ သာယာဝတီမြို့၊ သရက်မြို့နှင့် ဟင်္သာတမြို့များတွင် မိုဘိုင်း Band များဖြစ်သော (450MHz/ 800MHz/ 900MHz/ 1800MHz / 2100MHz )Band များအတွင်း လှိုင်းနှုန်းရှင်းလင်းမှု ရှိ/မရှိ သိရှိနိုင်ရန်အတွက် တိုင်းတာစစ်ဆေးခဲ့ပါသည်။

၃။      ဆက်လက်၍ တိုင်းတာရေးလုပ်ငန်းမှ တိုင်းတာတွေ့ရှိသည့် ရလဒ်များအပေါ်မူတည်၍ လှိုင်းနှုန်း နှောင့်ယှက်မှု(Interference) ဖြစ်ပေါ်နေသည့် နေရာများအား လှိုင်းနှုန်းတိုင်းတာဖြေရှင်းမှုများ ပြုလုပ်ခြင်း၊ တရားမဝင်အသုံးပြုနေသော ဆက်သွယ်ရေး Repeater၊ Jammer များအား ဖြုတ်သိမ်းအပ်နှံရန် အကြောင်း ကြားစာများ ပေးပို့၍ ညွှန်ကြားလျက်ရှိပါသည်။

၄။      လက်ရှိ တည်ဆောက်ပြီးစီးသော ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေးစခန်းများနှင့် ယခုနှစ်ကုန်တွင် ဖွင့်လှစ်မည့် စခန်းများမှ တိုင်းတာနိုင်မှု စွမ်းရည်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စဉ်

စခန်းအမည်

ဖမ်းယူနိုင်မှု

တည်နေရာရှာဖွေမှု

မှတ်ချက်

၁။

ရန်ကုန်မြို့

9kHz-8GHz

20MHz-8GHz

တိုးကြောင်ကလေး၊ အလုံ၊ ရွှေပြည်သာ

၂။

မန္တလေးမြို့

9kHz-8GHz

20MHz-8GHz

ပြည်ကြီးတံခွန်၊ ရေကြောင်း၊ ယာဉ်ပျံ

၃။

ကော့သောင်းမြို့

9kHz-8GHz

20MHz-8GHz

 

၄။

တမူးမြို့

9kHz-8GHz

20MHz-8GHz

 

၅။

တာချီလိတ်မြို့

9kHz-8GHz

20MHz-8GHz

 

၆။

မြဝတီမြို့

9kHz-8GHz

20MHz-8GHz

 

၇။

မကွေးမြို့

9kHz-8GHz

20MHz-8GHz

ယခုနှစ်ကုန်တွင် ဖွင့်လှစ်မည်။

၈။

မော်လမြိုင်မြို့

9kHz-8GHz

20MHz-8GHz

ယခုနှစ်ကုန်တွင် ဖွင့်လှစ်မည်။

၉။

မူဆယ်မြို့

9kHz-8GHz

20MHz-8GHz

ယခုနှစ်ကုန်တွင် ဖွင့်လှစ်မည်။

Posted by ptd

Posted on September 24, 2020


Weather
NAYPYITAW WEATHER