၂၀၂၁ ခုနှစ် ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေးဆောင်ရွက်နေမှု အခြေအနေများ

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဌာနခွဲတစ်ခုဖြစ်သော ရေဒီယိုလှိုင်းနှုန်းစဉ် ကြီးကြပ်ရေးနှင့် စံချိန်စံညွှန်းဌာနသည် ရေဒီယိုလှိုင်းနှုန်း အသုံးပြုခွင့်ရရှိထားသော မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများအပါအဝင် အခြားသောဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် မိမိတို့အား အသုံးပြုခွင့်ပေးထားသော လှိုင်းနှုန်းခွင်များနှင့် လှိုင်းနှုန်းများအား စနစ်တကျမှန်ကန်စွာ အသုံးပြုနေခြင်း ရှိ / မရှိ တိုင်းတာစစ်ဆေးခြင်း၊  လှိုင်းနှုန်းအသုံးပြုသူများအကြား လှိုင်းနှုန်းနှောင့်ယှက်မှုများဖြစ်ပေါ်ပါက တိုင်းတာဖြေရှင်းခြင်း၊ သုံးစွဲခွင့်မပြုရသေးသော လှိုင်းနှုန်းများအား ရှင်းလင်းမှု ရှိ/ မရှိ တိုင်းတာစစ်ဆေးခြင်းစသော လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

လှိုင်းနှုန်းနှောင့်ယှက်မှုများဖြစ်ပေါ်ပါက ဖြေရှင်းဆောင်ရွက်ရန်နှင့် ရှာဖွေလိုသည့်လှိုင်းနှုန်း ထုတ်လွှင့်နေသော တည်နေရာများကို ဖော်ပြပေးနိုင်သော လှိုင်းနှုန်းတိုင်းတာရေးမော်တော်ယာဉ် (Mobile Monitoring Vehicle) များကိုလည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရုံးများတွင် ထားရှိ၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ မြေပြင်အခြေစိုက် ‌ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေးစခန်း (Fixed Radio Frequency Monitoring Station) များကို   အချိန်နှင့်တပြေးညီ စောင့်ကြည့်ထိန်းချုပ်တိုင်းတာခြင်း၊ စခန်းများအချင်းချင်းသော်လည်းကောင်း၊ စခန်းများနှင့် မော်တော်ယာဉ်များကိုသော်လည်းကောင်း ကွန်ရက်ချိတ်ဆက်၍ တိုင်းတာခြင်းများနှင့် လှိုင်းနှုန်းအသုံးပြုမှုအခြေအနေများအား နေပြည်တော်ရှိလှိုင်းနှုန်း တိုင်းတာ‌ရေးထိန်းချုပ်စခန်း(Monitoring Control Center)မှ နေ့စဉ်မပြတ် စောင့်ကြည့်တိုင်းတားခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

Posted by ptd

Posted on February 26, 2021


Weather
NAYPYITAW WEATHER