700 MHz Band (703 MHz- 803 MHz) လှိုင်းနှုန်းစဉ်သုံး Wireless Microphone များ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ အသိပေးခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဖွံ့ဖြိုးတိုးတက်လာသော မိုဘိုင်းဆက်သွယ်ရေး နည်းပညာများကို ပြည်သူများ လွယ်လင့်တကူ သုံးစွဲနိုင်စေရန်အတွက်  လှိုင်းနှုန်းစဉ်များကို နိုင်ငံတကာစံနှုန်း၊ ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ဆက်သွယ်ရေး အော်ပရေတာများသို့ စိစစ်သတ်မှတ်ပေးလျက်ရှိပါသည်။

IMT(International Mobile Telecommunications) လှိုင်းနှုန်းဖြစ်သည့် 700 MHz Band (703 MHz- 803 MHz) လှိုင်းနှုန်းစဉ်ကို ဆက်သွယ်ရေးအော်ပရေတာများသို့ သတ်မှတ်ချထားပေးရန် ရည်ရွယ်ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါလှိုင်းနှုန်းကို wireless microphone များအတွက်  ဆက်လက် အသုံးပြုခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

သို့ဖြစ်ပါ၍ 700 MHz Band (703 MHz- 803 MHz) လှိုင်းနှုန်းစဉ်သုံး Wireless Microphone ပစ္စည်းများတင်သွင်းခြင်း မပြုကြပါရန် အသိပေးဖော်ပြအပ်ပါသည်။

 

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

Posted by ptd

Posted on June 14, 2019


Weather
NAYPYITAW WEATHER