The 45th Session of the Management Committee of Asia Pacific Telecommunity (MC-45) သို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်

အာရှ-ပစိဖိတ်ကြေးနန်းဆက်သွယ်ရေးအဖွဲ့(အေပီတီ) ၏ The 45th Session of the Management Committee of Asia Pacific Telecommunity (MC-45) အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့မှ ဒီဇင်ဘာလ (၃) ရက်နေ့အထိလည်းကောင်း ၎င်းနှင့်တစ်ဆက်တစ်စပ်တည်းအဖြစ် Seminar on Progress in APT for the year 2021 ဆွေးနွေးပွဲအား နိုဝင်ဘာလ (၂၉) ရက်နေ့တွင် လည်းကောင်း Virtually ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊  ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။  အစည်းအဝေးသို့ အာရှ-ပစိဖိတ်‌ဒေသတွင်းနိုင်ငံများမှ  ကိုယ်စားလှယ် စုစုပေါင်း ( ၁၀၀ ) ဦးခန့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

 အစည်းအဝေးတွင်၂၀၂၁ ခုနှစ်အတွင်း အေပီတီ၏ ဆောင်ရွက်ခဲ့သည့် Work Program များ၊ Report များအပေါ် သုံးသပ်ဆွေးနွေးခြင်း ၊ APT Strategic Plan for 2021-2023 အတွက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအပေါ် ဆွေးနွေးခြင်း၊ ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်မည့် Work Programme များနှင့် Annual Budget အား အတည်ပြုဆွေးနွေးခဲ့ပါသည်။  

Posted by ptd

Posted on December 10, 2021


Weather
NAYPYITAW WEATHER