လက်ရှိ Domain သုံးစွဲမှုမှတ်ပုံတင်သူ Registrar များအပြင် Registrar အသစ် (၄) ဦးအား Domain သုံးစွဲသူမှတ်ပုံတင်သည့်ကုမ္ပဏီ ( Registrar ) များအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအရ အီလက်ထရောနစ်လိပ်စာများဖြစ်သည့် Public IP Address ၊ Autonomous System (AS) Number ၊Domain Name တို့နှင့်စပ်လျဉ်း၍ စိစစ်ကြီးကြပ်ခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများ အား ဆောင်ရွက်ရမည်ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ၏ ကိုယ်စားပြု .mm Domain Name မှတ်ပုံတင်ဌာန (Registry) အဖြစ် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ( ၁ ) ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Yatanarpon Teleport Public Co., Ltd နှင့် Myanmar Technology Gateway Co., Ltd တို့က Domain သုံးစွဲသူမှတ်ပုံတင်သည့်ကုမ္ပဏီ (Registrar) များအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။

.mm Domain Name များအား ပြည်တွင်းဈေးကွက်တွင် ယှဉ်ပြိုင်မှုအားကောင်း လာစေရေး နှင့် ပြည်ပ Domain အစား ပြည်တွင်း Domain များ အသုံးပြုမှု ပိုမိုအားကောင်းလာစေရေးတို့ အတွက် လက်ရှိဝန်ဆောင်မှုပေးလျက်ရှိသည့် Domain သုံးစွဲသူမှတ်ပုံတင်သည့်ကုမ္ပဏီ( Registrar ) (၃) ဦးအပြင်  .mm Domain Registrar အသစ် (၄)ဦးဖြစ်သည့် Global Technology Co.,Ltd ၊ AGB Communication Co.,Ltd ၊ Horizon Telecom International Co.,Ltd နှင့် Frontiir Co.,Ltd တို့ ကလည်း Domain သုံးစွဲသူမှတ်ပုံတင်သည့်ကုမ္ပဏီ ( Registrar ) များအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

Posted by ptd

Posted on May 27, 2022


Weather
NAYPYITAW WEATHER