ASEAN ICT Award 2021 ပြိုင်ပွဲ နောက်ဆုံးအဆင့်ဇကာတင်ရွေးချယ်ခံရသူများ စာရင်းကြေငြာခြင်း

ASEAN ICT Award ပြိုင်ပွဲကို ၂၀၁၂ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ Cebu မြို့တွင် စတင်ကျင်းပခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အင်္ဂလိပ်အက္ခရာစဉ်အလိုက် နှစ်စဉ် အလှည့်ကျတာဝန်ယူ ကျင်းပခဲ့ ရာ ၂၀၂၁ ခုနှစ်တွင် (၉) ကြိမ်မြောက်အဖြစ် ASEAN ICT Awards 2021 အား အလှည့်ကျအိမ်ရှင် နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ ဦးစီး၍ Online မှတဆင့် ကျင်းပလျှက်ရှိပါသည်။

ASEAN ICT Award 2021 ပြိုင်ပွဲတွင် Public Sector ၊ Private Sector ၊ Corporate Social Responsibility ၊ Digital Content ၊ Start-up Company နှင့် Research and Development ဟူ၍ Award Categories (၆) မျိုးပါဝင်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြိုင်ပွဲဝင်စုစုပေါင်း ၉၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

ပြိုင်ပွဲ၏ ပဏာမအကဲဖြတ်အမှတ်ပေးခြင်း (Preliminary Judging) အဆင့်တွင် အဖွဲ့ဝင်နိုင်ငံများမှ အကဲဖြတ်ဒိုင်များမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့မှ နိုဝင်ဘာလ (၂၄) ရက်နေ့အထိ Online မှတဆင့် စိစစ်အမှတ်ပေးခဲ့ပြီး ဇကာတင်ရွေးချယ်ပြီးစီးပြီဖြစ်ပါသည်။

ဆုတံဆိပ် အမျိုးအစားတစ်ခုစီအလိုက် ဇကာတင်ရွေးချယ်ထားသည့် ပြိုင်ပွဲဝင်များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည့် နောက်ဆုံးအဆင့် အကဲဖြတ်ခြင်း (Final Judging) တွင် ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ပါသည်။ ဇကာတင်ရွေးချယ် ပြီးဖြစ်သည့် Finalists စာရင်းအား အောက်ဖော်ပြပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ပြိုင်ပွဲတွင် ဆုရရှိသူများ (Winner) စာရင်းအား  ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကြေညာ ပေးသွားမည်ဖြစ်ပြီး ဆုရရှိသူများအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် Virtually ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ်မြောက် အာဆီယံဒီဂျစ်တယ်ဆိုင်ရာဝန်ကြီးများအစည်းအဝေးတွင် ဆုချီးမြှင့်ပေး သွားမည်ဖြစ်ပါသည်။

Finalists စာရင်း ကြည့်ရှုရန်...

ဖတ်ရန် သိမ်းဆည်းရန်

Posted by ptd

Posted on December 3, 2021


Weather
NAYPYITAW WEATHER