ရေးမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများ ဆက်သွယ်မှုလွယ်ကူစေရန် ဆောင်ရွက် ထားရှိမှုများ

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အခွင့်အလမ်းတူမျှသော ပွင့်လင်း မြင်သာသည့် ယှဉ်ပြိုင်မှုများ ဆောင်ရွက်စေခြင်းတွက် ရည်ရွယ်၍ Floor Pricing ကို အခြေခံ သည့် Pricing and Tariff Regulatory Framework  ကို (၂၈.၆.၂၀၁၇)ရက်နေ့မှ စ၍ ထုတ်ပြန်ကျင့်သုံးခဲ့ပါသည်။

 ယခုအခါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဘာဝဘေးအန္တရာယ်များ ကျရောက် လျက်ရှိသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ဒေသခံ ပြည်သူများ လူမှုရေး၊ ကျန်းမာရေး နှင့် အရေးပေါ်အခြေအနေများအတွက် ဆက်သွယ်မှုအဆင်ပြေစေရေး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရာတွင် အဆင်ပြေစေရေး၊ အရေးပေါ်အခြေအနေများအတွက် စီမံခန့်ခွဲနေကြသူများမှ စီမံခန့်ခွဲမှုလုပ်ငန်းများ အတွက် ဆက်သွယ်ရာတွင် အဆင်ပြေစေရေး တို့အတွက် Mobile Operator (၄) ဦး အား  (၁၂-၈-၂၀၁၉) မှ (၁၈-၈-၂၀၁၉) ရက်နေ့ထိ ဝန်ဆောင်ခ နှုန်းထား များအား  Pricing and Tariff Regulatory Framework မှ ကင်းလွတ် ခွင့်ပြုပေးခဲ့ပါသည်။

ထိုသို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခွင့်ပြုပေးခဲ့မှုကြောင့် ရေးမြို့နယ် အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းများအား လုံးအတွက် အခမဲ့Telecom International Myanmar (Mytel) မှ Mytel SIM Card အချင်းချင်းအား မိနစ် (၁၀၀၀) ဖုန်းခေါ်ဆိုခြင်း၊ Internet Data (10GB)၊ စာတို အစောင် (၁၀၀၀) ပေးပို့ခြင်း တို့အတွက် အခမဲ့ နှင့် Ooredoo Myanmar Limited  မှ Ooredoo SIM Card အချင်းချင်းအား (၉၉၉၉) မိနစ် ဖုန်းခေါ်ဆိုခြင်း၊ စာတို (၉၉၉၉)စောင် ပေးပို့ခြင်းတို့အတွက် အခမဲ့ အစရှိသည့် ဝန်ဆောင်မှုများအား ဆောင်ရွက်ပေးလျက်ရှိပါ သည်။

Posted by ptd

Posted on August 16, 2019


Weather
NAYPYITAW WEATHER