ASEAN Cyberkids Camp (ACC) 2019 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ တက်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင် ကျောင်းသားနှင့် ကျောင်းသူတို့မှ ပထမဆုရရှိ

ASEAN Cyberkids Camp ပြိုင်ပွဲအား အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်းရှိ လူငယ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သတင်းအချက်အလက်နှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန်၊ ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့ထုံးစံများ အချင်းအချင်းနှီးနှောဖလှယ်ခြင်းကို မြှင့်တင်စေရန်၊ လူမှုရေး နှင့် လူသားအရင်းမြစ် ဖွံ့ဖြိုးတက်မှုတို့တွင် အရှိန်အဟုန်မြှင့်တင်ပေးရန်၊ ICT အကြောင်းအရာ ဘာသာရပ်များတွင် ထိုးထွင်းတီထွင်ဖန်တီးမှု၊ အသုံးချတတ်မှု တိုးမြှင့်စေရန်နှင့် အာဆီယံဒေသ များအတွင်း အကျိုးပြုစေမည့် ပေါင်းစပ်ဖန်တီးမှု၏ ကြိုးစားမှုရလာဒ်များဖြင့် ဒစ်ဂျစ်တယ်ဆိုင်ရာ ကွာဟချက်များကို ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ နှစ်စဉ်ကျင်းပ ဆောင်ရွက်လျက်ရှိရာ ASEAN Cyberkids Camp 2019 (ACC 2019) ပြိုင်ပွဲအား ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် Ministry of Information and Communications မှ ကြီးမှူး၍ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲသို့ မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံတို့မှ ပြိုင်ပွဲဝင် () ဦးနှင့် ကြီးကြပ်အုပ်ချုပ်သူ ဆရာ/ ဆရာမ () ဦးစီဖြင့် စုစုပေါင်း (၃၀) ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါသည်။

အဆိုပါACC 2019 ပြိုင်ပွဲသို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအောက်ရှိ ပဲခူးတိုင်းဒေသကြီး (အရှေ့) ဖြူးမြို့နယ်၊ အမှတ် () အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ ဦးသော်ဇင်အောင် ကြီးကြပ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အမှတ် () အခြေခံပညာ အထက်တန်းကျောင်း၊ စတုတ္ထတန်းကျောင်းသား မောင်စစ်လင်းဘုန်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ International Child Training Center မှ စတုတ္ထတန်းကျောင်းသူ မဆုမြတ်မေတို့က မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်) အား  မြန်မာ နိုင်ငံက ကျောင်းသူ၊ ကျောင်းသားတို့က ထိုက်ထိုက်တန်တန်ရရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ASEAN Cyberkids Camp 2019 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မောင်စစ်လင်းဘုန်း နှင့် မဆုမြတ်မေတို့၏ နိုင်ငံကိုယ်စားပြု ပထမဆု (ရွှေတံဆိပ်) ရရှိခဲ့ခြင်း အပေါ် ဂုဏ်ယူဝမ်းမြောက် စွာ ဖော်ပြအပ်ပါသည်။

Posted by ptd

Posted on September 2, 2019


Weather
NAYPYITAW WEATHER