ယူပီယူ ညွှန်ကြားရေးမှူးချုပ်မှ (၁၄၆) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့အခမ်းအနား သဝဏ်လွှာပေးပို့ခြင်း (ကောက်နုတ်ချက်)

အောက်တိုဘာလ (၉) ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စာပို့တိုက်နေ့ ( World Post Day ) အခမ်းအနားကို ဂုဏ်ပြုသည့်အနေဖြင့် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ ညွှန်ကြားရေးမှူးချုပ်မှ အဖွဲ့ဝင်နိုင်ငံအသီးသီးသို့ သဝဏ်လွှာပေးပို့လာပါသည်။ အဆိုပါသဝဏ် လွှာတွင် ကမ္ဘာ့အနှံ့တွင်ဖြစ်ပေါ်နေသည့် COVID – 19 ကပ်ရောဂါကာလအတွင်း စာပို့ဝန်ဆောင်မှု လုပ်ငန်းများနှင့် စာပို့ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြုပါကြောင်း၊ စာပို့ ဝန်ထမ်းများအနေဖြင့် ချောစာ/ချောထုပ်များ အချိန်မီဖြန့်ဝေနိုင်ရေးအတွက် ကြိုးစားဆောင်ရွက် နေသည်ကို သိရှိပါကြောင်း၊ အချို့သောစာပို့ဝန်ထမ်းများသည်  COVID – 19 ရောဂါကူးစက်မှု ကြောင့် အသက်အန္တရာယ်ကြုံတွေ့ရသည်ကို တွေ့မြင်ရပါကြောင်း၊ COVID – 19 ကပ်ရောဂါ အန္တရာယ်ကြားမှ စာပို့ကွန်ရက်မပြတ်တောက်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် သန်း ပေါင်းများစွာသော စာပို့ဝန်ထမ်းများကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ လေကြောင်းလိုင်းများရပ်နား ခြင်းနှင့် နယ်စပ်များပိတ်ထားခြင်းစသည့် အခြေအနေများတွင်လည်း  ချောစာများကိုဆက်လက် စီးဆင်းစေရန်ဆောင်ရွက်ချက်များကို တွေ့မြင်ရပါကြောင်း၊ စာပို့ဝန်ဆောင်မှုလုပ်ငန်းများအနေ ဖြင့် ဆေးဝါးများကိုဖြန့်ဖြူးခြင်း၊ အသက်အရွယ်ကြီးသူများကိုကူညီဆောင်ရွက်ပေးခြင်း၊ ကူးစက် ရောဂါအကာအကွယ်ပစ္စည်းများထောက်ပံ့ခြင်းနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ပေးခြင်းတို့ကို တွေ့မြင်ရပါကြောင်း၊ ကမ္ဘာ့စာပို့တိုက်သမဂ္ဂအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ ကပ်ရောဂါကာလအတွင်း ကြုံတွေ့နေရသည့်အခက်အခဲများကို သုံးသပ်၍ အဖွဲ့ဝင် နိုင်ငံများသို့ လိုအပ်သည့်ဆောင်ရွက်မှုများ ထောက်ပံ့နိုင်ရန် စီစဉ်လျှက်ရှိပါကြောင်း၊ စာပို့ဝန် ဆောင်မှုလုပ်ကိုင်နေသူများအနေဖြင့် အခက်အခဲများရှိသော်လည်း ကမ္ဘာပေါ်ရှိလူတိုင်းအတွက် စာပို့ဝန်ဆောင်မှုကို Universal service obligation အဖြစ် ဆောင်ရွက်ပေးနေပါကြောင်းစသည် ဖြင့် ဖော်ပြပါရှိပါသည်။

ဖတ်ရန် သိမ်းဆည်းရန်

Posted by ptd

Posted on October 8, 2020


Weather
NAYPYITAW WEATHER