ASEAN Cyberkids Camp (ACC) 2020 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသားနှင့်ကျောင်းသူတို့မှ ဒုတိယဆုရရှိခြင်း

ASEAN Cyberkids Camp ပြိုင်ပွဲအား ASEAN ICT Masterplan 2020 အရ ASEAN Digital Senior Officials’ Meeting (ADGSOM) ၏ အစီအစဉ်အောက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အတွင်းရှိ လူငယ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သတင်းအချက်အလက်နှင့်နည်းပညာဖွံ့ဖြိုး တိုးတက်စေရန် ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးစံများ အချင်းအချင်းနှီးနှောဖလှယ်ခြင်းကို မြှင့်တင်စေ ရန်၊ လူမှုရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတို့တွင် အရှိန်အဟုန်မြှင့်တင်ပေးရန်၊ ICT အကြောင်းအရာ ဘာသာရပ်များတွင် ထိုးထွင်းတီထွင်ဖန်တီးမှု၊ အသုံးချတတ်မှု တိုးမြှင့်စေရန်နှင့် အာဆီယံဒေသများအတွင်း အကျိုးပြုစေမည့် ပေါင်းစပ်ဖန်တီးမှု၏ ကြိုးစားမှုရလာဒ်များဖြင့် ဒစ်ဂျစ် တယ်ဆိုင်ရာ ကွာဟချက်များကို ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိ ပါသည်။

အဆိုပါ ပြိုင်ပွဲများသို့ မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများမှလည်း အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ နှစ်စဉ် ပါဝင်ခဲ့ပါသည်။ ယခုနှစ်တွင် ASEAN Cyberkids Camp 2020 (ACC 2020) အား အင်ဒိုနီးရှားနိုင်ငံက ဦးဆောင်၍ ကျင်းပခြင်းဖြစ်ပြီး၊ ကမ္ဘာ့ကပ်ရောဂါကြောင့် Physical ဖြင့် ကျင်းပခြင်းမရှိဘဲ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် virtual ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ ကျောင်းသား/ ကျောင်းသူ ပြိုင်ပွဲဝင် (၂) ဦးနှင့်အတူ ကြီးကြပ်သူဆရာမ (၁) ဦးတို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါသည်။

အဆိုပါ ASEAN Cyberkids Camp 2020 (ACC 2020) ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကျောင်းသား/ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဌာနတို့ ပူးပေါင်းဆောင်ရွက်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအောက်ရှိ ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်အိမ့်မြတ်မွန် ကြီးကြပ်သူအဖြစ် ပါဝင်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ ထွဋ်ခေါင်မြန်မာ (ကိုယ်ပိုင် ကျောင်း) မှ မောင်ဟိန်းပြည့်စုံနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ Precious Edu Care -PEC (ကိုယ်ပိုင်ကျောင်း) မှ မရွှေရတီဖြိုးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသားနှင့် ကျောင်းသူတို့က ASEAN Cyberkids Camp 2020 (ACC 2020) ဒုတိယဆု (ငွေတံဆိပ်) အား ရရှိခဲ့ပါသည်။

သို့ပါ၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ASEAN Cyberkids Camp 2020 (ACC 2020) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်

ခဲ့သည့် မောင်ဟိန်းပြည့်စုံနှင့် မရွှေရတီဖြိုးတို့နှင့်အတူ ကြီးကြပ်သူ ဆရာမ ဒေါ်အိမ့်မြတ်မွန်တို့၏ နိုင်ငံကိုယ်စားပြု ဒုတိယဆုရရှိခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဖော်ပြအပ်ပါသည်။ 

Posted by ptd

Posted on January 19, 2021


Weather
NAYPYITAW WEATHER