.mm Domain မှတ်ပုံတင်ခြင်း ဆောင်ရွက်ခွင့်ရှိသူ Registrar အသစ်များ ခေါ်ယူခြင်းကိစ္စ

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအရ အီလက် ထရောနစ် လိပ်စာများဖြစ်သည့်Public IP Address ၊Autonomous System (AS) Number ၊ DomainNameတို့နှင့်စပ်လျဉ်း၍စိစစ်ကြီးကြပ်ခြင်းနှင့်စီမံခန့်ခွဲခြင်းလုပ်ငန်းများအားဆောင်ရွက်ရမည်ဖြစ်သည် နှင့်အညီ မြန်မာနိုင်ငံ၏ကိုယ်စားပြု .mm Domain Name မှတ်ပုံတင်ဌာန (Registry) အဖြစ်၂၀၁၉ခုနှစ်၊အောက်တိုဘာလ(၁)ရက်နေ့မှစတင်၍ဆောင်ရွက်လျက်ရှိပြီးမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊Yatanarpon Teleport Public Co., Ltd နှင့် Myanmar Technology Gateway Co., Ltdတို့ကDomain သုံးစွဲသူမှတ်ပုံတင်သည့်ကုမ္ပဏီ(Registrar) အဖြစ် ဆောင်ရွက် လျက် ရှိပါသည်။

ယခုအခါ .mm Domain Name များအား ပြည်တွင်း ဈေးကွက်တွင် ယှဉ်ပြိုင်မှု အားကောင်းလာ စေရေးနှင့် ပြည်ပ Domain အစား ပြည်တွင်း Domainအား အသုံးပြုမှုပိုမိုအားကောင်းလာစေရေး အတွက်လက်ရှိဝန်ဆောင်မှု ပေးလျက်ရှိသည့်Domainသုံးစွဲသူမှတ်ပုံတင်သည့်ကုမ္ပဏီ(Registrar) (၃) ဦးအပြင် ထပ်မံ၍ Registrar အသစ်များခေါ်ယူရန်လိုအပ်လျက်ရှိပါသည်။

ထို့ကြောင့် Domain Registrar များအဖြစ် မိုဘိုင်းအော်ပရေတာများ၊ ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်(အထူး)နှင့်ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိထားသည့်ကုမ္ပဏီ/ အဖွဲ့အစည်းများမှ လျှောက်ထားနိုင်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ Website  ဖြစ်သည့် www.ptd.gov.mm တွင် “Application Form for Registrar Accreditation of .mm ccTLD” အား Download ရယူပြီး Application Form တွင် ပါဝင်သည့်လိုအပ်သော အချက်အလက်များကို ပြည့်စုံစွာဖြည့်စွက်ဖော်ပြ၍ အောက်ဖော်ပြပါ လိပ်စာသို့ လိပ်မူကာE-mail ဖြင့်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ(၂၅-၃-၂၀၂၂) ရက်နေ့နောက်ဆုံးထား ၍ လျှောက်ထားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ပေးပို့ရမည့်လိပ်စာ

 

ညွှန်ကြားရေးမှူးချုပ်
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ရုံးအမှတ်(၂)၊ နေပြည်တော်

Attention:         အရင်းအမြစ်စီမံခန့်ခွဲမှုဌာန

E-mail:              spectrumresource.ptd@gmail.com,ipresource.ptd@ms-motc.gov.mm

Phone No:        067-3407626

 

 

 

ဖတ်ရန် သိမ်းဆည်းရန်

Posted by ptd

Posted on February 15, 2022


Weather
NAYPYITAW WEATHER