2nd ADGSOM – ATRC Leaders’ Retreat of 2022 Meeting သို့ ADGSOM Chair ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

ဒုတိယအကြိမ် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာအရာရှိကြီးများနှင့် အာဆီယံဆက်သွယ်ရေး ဥပဒေပြုသူများကောင်စီတို့၏ ခေါင်းဆောင်များအစည်းအဝေး (2nd ADGSOM–ATRC Leaders’ Retreat of 2022 Meeting) အား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် Video Conferencing ဖြင့်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် (ADGSOM Chair) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ADGSOM ၏ အလှည့်ကျသဘာပတိဖြစ်သည့် မြန်မာနိုင်ငံ ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းနှင့် ATRC ၏ အလှည့်ကျသဘာပတိဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံ ၊ Telecommunication Regulatory ဌာန၏ Chairman ဖြစ်သူ Mr. Chenda Thong တို့မှ အသီးသီးအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အစည်းအဝေးကို ATRC Chair မှ သဘာပတိဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ပြုလုပ်သည့် သက်ဆိုင်ရာ အာဆီယံ အစည်းအဝေးများမှ ဆုံးဖြတ်ချက်များအား ဆက်လက်လိုက်ပါဆောင်ရွက်ရန်၊ အခြားဆက်စပ်အစည်းအဝေးများ၏ ဆွေးနွေးပွဲရလဒ်များနှင့် ညွှန်ကြားချက်များ၊ 13th ANSAC အစည်းအဝေး၏ရလဒ်များ၊ 2022 Work Cycle တွင် ADGSOM မှ ဆောင်ရွက်လျက်ရှိသောစီမံကိန်းများ၊ ATRC ၏ အောက်မှ ဆောင်ရွက်သည့် စီမံကိန်းများ၏တိုးတက်မှု၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ 2023 Work Cycle အတွက် ဆောင်ရွက်မည့် ADGSOM နှင့် ATRC တို့၏ စီမံကိန်းများတို့ကို ဆွေးနွေးခြင်း၊ တတိယအကြိမ်မြောက် အာဆီယံ ဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးကျင်းပမှု ပြင်ဆင်ဆောင်ရွက်ခြင်းကိစ္စရပ်များနှင့် အာဆီယံ ICT ရန်ပုံငွေဆောင်ရွက်မှုအခြေအနေတို့အား ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အဖွဲ့ဝင်များနှင့် အာဆီယံ ICT Center မှ တာဝန်ရှိသူများအပါအဝင် (၇၄) ဦး ပါဝင် တက်ရောက်ခဲ့ပြီး အစည်းအဝေးအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၈:၀၀ နာရီ မှ နေ့လယ် ၁၄:၃၀ နာရီ အထိ ကျင်းပခဲ့ပါသည်။

Posted by ptd

Posted on October 31, 2022


Weather
NAYPYITAW WEATHER