SIM Card အရောင်းကိုယ်စားလှယ်များ၊ အရောင်းဆိုင်များနှင့် သုံးစွဲသူများသို့ အသိပေး နှိုးဆော်ချက်

၁။      ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် အများပြည်သူများအနေဖြင့် SIM Card များကို ဝယ်ယူသုံးစွဲရာတွင် စနစ်တကျမှတ်ပုံတင်ပြီးမှသာ ဝယ်ယူသုံးစွဲကြပါရန် အများပြည်သူသို့ အသိပေးနှိုးဆော်ခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် ယနေ့အချိန်ထိ ကြိုတင်မှတ်ပုံတင်ထားသည့် SIM Card များကို အရောင်းကိုယ်စားလှယ်များနှင့် အရောင်းဆိုင် (Point of Sale) များတွင် ဝယ်ယူရရှိနိုင်ကြောင်း တွေ့ရှိနေရပါသည်။

၂။       အရောင်းကိုယ်စားလှယ်များနှင့် အရောင်းဆိုင် (Point of Sale) အချို့သည် သက်သေခံလက်မှတ်ပါ အချက်အလက်များကို ပြင်ဆင်၍ SIM Card များကို ကြိုတင်မှတ်ပုံတင် ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် စာတမ်းအမှတ်အသား လိမ်လည်အတု ပြုလုပ်ခြင်းဖြစ်၍ တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ပါသဖြင့် စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများ နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ပါသည်။ ထို့ကြောင့် အရောင်းကိုယ်စားလှယ်များနှင့် အရောင်းဆိုင် (Point of Sale) များ အနေဖြင့် သက်သေခံလက်မှတ်ပါ အချက်အလက်များကိုပြင်ဆင်၍ SIM Card များကို ကြိုတင်မှတ်ပုံတင် ရောင်းချခြင်း မပြုကြပါရန်နှင့် SIM Card များကို ဝယ်ယူသူ၏ သက်သေခံလက်မှတ် (မူရင်း) ဖြင့်သာ SIM Card မှတ်ပုံတင်၍ ရောင်းချကြပါရန် အသိပေးနှိုးဆော် အပ်ပါသည်။

၃။      သုံးစွဲသူအများပြည်သူများအနေဖြင့်လည်း SIM Card များ ဝယ်ယူရာတွင် မိမိ၏သက်သေခံ လက်မှတ် (မူရင်း) ဖြင့် မှတ်ပုံတင်ပြီးမှသာ ဝယ်ယူအသုံးပြုကြပါရန်နှင့် ကြိုတင်မှတ်ပုံတင်ထားသော SIM Card များမှာ ပိတ်သိမ်းခံရမည့် SIM Card များဖြစ်သည့်အတွက် မိမိတို့၏ဖြည့်သွင်းငွေများ ဆုံးရှုံး နစ်နာမှု မရှိစေရေးအတွက် ကြိုတင်မှတ်ပုံတင်ထားသော SIM Card များကို ဝယ်ယူသုံးစွဲခြင်း မပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

Posted by ptd

Posted on September 11, 2020


Weather
NAYPYITAW WEATHER