အငယ်တန်းစာရေး/ဒု-လက်ထောက်ဦးစီးမှူး/စာရင်းကိုင်-၄၊ ယာဉ်မောင်း-၅၊အစောင့်နှင့်ရုံးအကူရာထူးနေရာများအတွက်လူတွေ့ စစ်ဆေးခြင်းခံယူရန် အကြောင်းကြားခြင်း

၁။      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်​ရေးညွှန်ကြားမှုဦးစီးဌာန တွင် လစ်လပ်လျက်ရှိသော လစာနှုန်း(၁၈၀၀၀၀ - ၂၀၀၀ - ၁၉၀၀၀၀ ) ကျပ်တန်းဝင် အငယ်တန်းစာရေး / ဒု-လက်ထောက်ဦးစီးမှူး / စာရင်းကိုင်-၄ ရာထူးနေရာများနှင့် လစာနှုန်း(၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀ ) ကျပ်တန်းဝင် ယာဉ်မောင်း-၅ ၊ လစာနှုန်း (၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀ ) ကျပ်တန်းဝင်  အစောင့်နှင့် ရုံးအကူ  ရာထူးနေရာများအတွက်  လူတွေ့စစ်ဆေးခြင်းခံယူရန် ရွေးချယ်ခံရသူများစာရင်းကို ပူးတွဲပါ အတိုင်း ထုတ်ပြန်လိုက်သည်။

၂။       အထက်ပါ ရွေးချယ်ခြင်းခံရသူများအား လူတွေ့စစ်မေးခြင်းကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ၊ ရုံးအမှတ် ( ၂ ) ၊ နေပြည်တော်၌ ( ၂၄ - ၂ - ၂၀၂၂ ) ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

၃။      လူတွေ့စစ်ဆေးခြင်းလာရောက်ဖြေဆိုမည့်သူများသည် ဖြေဆိုရမည့် နေ့ရက်မတိုင်မီ( ၅ ) ရက်အတွင်း စစ်ဆေးထားသော  ကိုဗစ် - ၁၉ ရောဂါကင်းရှင်းကြောင်း လက်မှတ်( မူရင်း ) ၊ ဘွဲ့လက်မှတ်   (မူရင်း) ပညာအရည်အချင်းထောက်ခံချက်(မူရင်း)၊လိုင်စင်ဓါတ်ပုံ(၅)ပုံ(အင်္ကျီအဖြူရောင်နောက်ခံအပြာရောင်)ယာဉ်မောင်းဖြေဆိုမည့်သူများသည်ယာဉ်မောင်းလိုင်စင်(မူရင်း)နှင့်အတူ(၂၃-၂-၂၀၂၂) ရက်နေ့ ( ရုံးချိန် )အတွင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊  ရုံးအမှတ် (၂) ၊ နေပြည်တော်၌ သတင်းပို့ကြရမည်ဖြစ်သည်။

၄။      အသေးစိတ်သိရှိလိုပါက စီမံရေးရာဌာန ၊ ဝန်ထမ်းစီမံခန့်ခွဲရေးဌာနခွဲ ၀၆၇- ၃၄၀၇၂၅၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

။      အောက်ပါ Link များတွင် ကြည့်ရှုနိုင်ပါသည်။

Office Staff
 

Other

Driver

                                                                                  ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

ဖတ်ရန် သိမ်းဆည်းရန်

Posted by ptd

Posted on February 11, 2022


Weather
NAYPYITAW WEATHER