ဒုတိယဦးစီးမှူး B.E (EC)(သို့) B.E (IT) (သို့) သိပ္ပံဘွဲ့ရရှိပြီး AGTI (EC) အောင်လက်မှတ်ရရှိသူ ရာထူးနေရာများအတွက် ရွေးချယ်ခံရသော်လည်း လာရောက်တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိ သဖြင့် တန်းစီဇယားအမှတ်စဉ်အတိုင်း အစားထိုးဖြည့်စွက်ခန့်ထားသူစာရင်း ထုတ်ပြန်ခြင်း

၁။      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လစာနှုန်းကျပ် (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ဒု-ဦးစီးမှူးရာထူးနှင့် စာရင်းကိုင်() ရာထူးနေရာများအတွက် ရွေးချယ်ခံရသူများစာရင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ အဆိုပါ ရွေးချယ်ခံရသူများထဲမှ လာရောက်တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိသည့် ရာထူးနေရာ တွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၀ (င) (၉)အရ ဝန်ထမ်းရွေးချယ်ခန့်ထားရေးအရန် ဇယားရှိ အမှတ်အများအနည်းအလိုက် တန်းစီဇယားအတိုင်း အစားထိုးရွေးချယ်ခန့်ထားသူစာရင်းအား ပူးတွဲပါအတိုင်း ထုတ်ပြန်လိုက်သည်။

၂။       အထက်ပါ ရွေးချယ်ခြင်းခံရသူသည် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ် () နေပြည်တော်သို့ အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ (--၂၀၂၂) ရက်နေ့ (အင်္ဂါနေ့)၊ နံနက်(၁၀:၀၀) အချိန်အရောက် သတင်းပို့၍ စတင်တာဝန်ထမ်းဆောင်ရမည်ဖြစ် သည်-

          (က)    နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း)

          ()     အိမ်ထောင်စုစာရင်း (မူရင်း )

          ()     တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် ဘွဲ့လက်မှတ် (မူရင်း)

          ()   ()လအတွင်း ရိုက်ကူးထားသော လိုင်စင်ဓါတ်ပုံ ()ပုံ

      အသေးစိတ်သိရှိလိုပါက စီမံရေးရာဌာန၊ ဝန်ထမ်းစီမံခန့်ခွဲရေးဌာနခွဲ၊ ရုံးဖုန်း- ၀၆၇-၃၄၀၇၂၅၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်)

ဖတ်ရန် သိမ်းဆည်းရန်

Posted by ptd

Posted on January 31, 2022


Weather
NAYPYITAW WEATHER