Universal Service Fund ဖြင့်‌ ဆောင်ရွက်မည့် Phase II နှင့် Phase III တင်ဒါတင်သွင်း မည့်အချိန် ပြင်ဆင်သတ်မှတ်ခြင်း

Universal Service Fund ဖြင့်ဆောင်ရွက်မည့် မြို့နယ်/မြို့  (၃၂)ခုအတွက် Phase ()ခုခွဲ၍ (၁၅--၂၀၂၀)ရက်နေ့တွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အော်ပရေတာ()ဦးကို တင်ဒါခေါ်ယူခဲ့ပါသည်။ ကမ္ဘာ့ကပ်ရောဂါဖြစ်သော COVID-19 ကာလအတွင်း USF Project Phase II နှင့် Phase III တို့ကို တင်ဒါတင်သွင်းရန်မှာ အခက်အခဲဖြစ်ပေါ်လျက်ရှိသောကြောင့် တင်ဒါတင်သွင်းရမည့် အချိန်ကာလကို ပြင်ဆင်သတ်မှတ်ပေးပါရန် အော်ပရေတာများမှ တင်ပြလာခဲ့ကြပါသည်။

COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားနေစဉ်ကာလအတွင်း site survey ကဲ့သို့ မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် အချိန်ကာလ ထပ်မံတိုးမြှင့်ရန် လိုအပ် သည်ဟု ဦးစီးဌာနက သုံးသပ်ပါသောကြောင့် Phase II တင်သွင်းရမည့်ရက်ကို (--၂၀၂၁) ရက်နေ့သို့လည်းကောင်း၊ Phase III တင်ဒါတင်သွင်းရမည့်ရက်ကို (၂၇--၂၀၂၁) ရက်နေ့သို့ လည်းကောင်း ပြင်ဆင်သတ်မှတ်လိုက်ကြောင်း (၃၀-၁၂-၂၀၂၀)ရက်နေ့တွင်  အော်ပရေတာ ()ဦးကို အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ USF Project Phase II နှင့်  Phase III တင်ဒါတင်သွင်းရမည့်ရက် ပြင်ဆင်သတ်မှတ် ခြင်းကို အများပြည်သူသိရှိနိုင်ရန် အသိပေးကြေညာအပ်ပါသည်။

Posted by ptd

Posted on January 5, 2021


Weather
NAYPYITAW WEATHER