USF Fund ဖြင့် ဆောင်ရွက်မည့် မြို့နယ် (၂၁) မြို့နယ် အတွင်းရှိ လူဦးရေစာရင်းနှင့် စပ်လျဉ်း၍ အော်ပရေတာများနှင့် ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးကျင်းပ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၉--၂၀၁၉) ရက်နေ့ (၁၆:၀၀) နာရီအချိန်တွင်  USF Fund ဖြင့် ဆောင်ရွက်မည့် မြို့နယ်(၂၁) မြို့နယ် အတွင်းရှိ ကွန်ရက်လွှမ်းခြုံမှု မရရှိသေးသည့် လူဦးရေစာရင်းနှင့် စပ်လျဉ်း၍ အော်ပရေတာများနှင့် ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း(ဆက်သွယ်ရေး) ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ၊ ညွှန်ကြားရေးမှူး ဦးကျော်ဦး၊ USO ဌာနမှ တာဝန်ရှိသူများနှင့် Nationwide Telecommunications Licence ရယူထားသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Telenor Myanmar Limited Ooredoo Myanmar LimitedTelecom International Myanmar Company Limited (Mytel)တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

Posted by ptd

Posted on May 31, 2019


Weather
NAYPYITAW WEATHER