USF Project (32 towns/townships) တင်ဒါခေါ်ယူထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ ဆက်သွယ်ရေး အော်ပရေတာများနှင့် ပဏာမအစည်းအဝေး (Pre-Bid Meeting) ကျင်းပခြင်း

အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေကိုအသုံးပြု၍ ဆောင်ရွက်မည့် USF Project (32 towns/townships) တင်ဒါခေါ်ယူထားသည့်ကိစ္စနှင့်ပတ်သက်သည့် ပဏာမအစည်းအဝေး (Pre-Bid Meeting) ကို ၁၁-၈-၂၀၂၀ ရက်နေ့ နေ့လည် ၁၃:၀၀ နာရီအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆက်သွယ်ရေးအော်ပရေတာ(၄)ဦးတို့မှ တာဝန်ရှိသူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး တင်ဒါခေါ်ယူထားသည့် (၃၂)မြို့နယ်/မြို့ တင်ဒါအဆိုပြုလွှာတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

Posted by ptd

Posted on August 11, 2020


Weather
NAYPYITAW WEATHER