ဒုတိယဦးစီးမှူး/စာရင်းကိုင်-၂ရာထူးနေရာများအတွက်ရွေးချယ်ခံရသူများစာရင်းထုတ်ပြန်ကြေညာခြင်း
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသောလစာနှုန်းကျပ်(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ဒု-ဦးစီးမှူးရာထူးနှင့်စာရင်းကိုင်(၂)ရာထူးနေရာများအတွက် အရည်အချင်းစစ် ရေးဖြေအောင်မြင်သူများအား (၁၁-၁-၂၀၂၂) ရက်နေ့တွင် လူတွေ့စစ်ဆေးခြင်းပြုလုပ်ခဲ့ပြီး ရွေးချယ်ခံရသူများစာရင်းကို ထုတ်ပြန်လိုက်သည်။
၂။ ရွေးချယ်ခြင်းခံရသူများသည် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်သို့ အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ (၁-၂-၂၀၂၂) ရက်နေ့ (အင်္ဂါနေ့)၊ နံနက်(၁၀:၀၀) အချိန်အရောက် သတင်းပို့၍ စတင် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း)
(ခ) အိမ်ထောင်စုစာရင်း (မူရင်း )
(ဂ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် ဘွဲ့လက်မှတ် (မူရင်း)
(ဃ) (၆)လအတွင်း ရိုက်ကူးထားသော လိုင်စင်ဓါတ်ပုံ (၅)ပုံ
၃။ အသေးစိတ်သိရှိလိုပါက စီမံရေးရာဌာန၊ ဝန်ထမ်းစီမံခန့်ခွဲရေးဌာနခွဲ ၊ဖုန်း-၀၆၇-၃၄၀၇၂၅၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
၄။ ရွေးချယ်ခြင်းခံရသူများစာရင်းကို အောက်ပါ Link တွင် Download ရယူနိုင်ပါသည်။
Any
Law
Eco
EC
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်)
ဖတ်ရန်
သိမ်းဆည်းရန်
Posted by
ptd
Posted on
January 19, 2022