ရန်ကုန်မြို့တွင် တရားမဝင် Repeater တပ်ဆင်အသုံးပြုနေမှုများ ရှာဖွေဖော်ထုတ်၍ ရန်ကုန်တိုင်းဒေသကြီးရုံးသို့ လာရောက်အပ်နှံနိုင်ရေး လုပ်ငန်းဆောင်ရွက်ခဲ့မှုမှတ်တမ်း

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှ လှိုင်းနှုန်းတိုင်းတာရေး အဖွဲ့သည် မိုလ်ဘိုင်းဆက်သွယ်ရေးအော်ပရေတာများမှ ၄င်းတို့၏ ဆက်သွယ်မှုကွန်ယက်အတွင်း လှိုင်းနှုန်းနှောင့်ယှက်မှုများ ဖြစ်ပေါ်နေကြောင်းနှင့် ဖြေရှင်းဆောင်ရွက်ပေးရန် တင်ပြလာပါက ဌာနပိုင်တိုင်းတာရေး မော်တော်ယာဉ်များဖြင့် သွားရောက်တိုင်းတာဖြေရှင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိပါသည်။

လှိုင်းနှုန်းတိုင်းတာရေးအဖွဲ့သည် တိုင်းတာရေးလုပ်ငန်းဆောင်ရွက်စဉ် အဆောက်အဦ နေအိမ်များ၌ တရားမဝင် Repeater/ Jammer တပ်ဆင်အသုံးပြုနေသည်ကို တိုင်းတာတွေ့ရှိ ပါက ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇)အရ တရားမဝင် ဆက်သွယ်ရေးပစ္စည်းများဖြစ်သော ကြောင့် အသုံးပြုနေသည့် အဆောက်အဦ၊ နေအိမ်ပိုင်ရှင်များအနေဖြင့် ရက်သတ္တပတ်အတွင်း ဖြုတ်သိမ်း၍ ရန်ကုန်တိုင်းဒေသကြီးရုံးသို့ လာရောက်အပ်နှံရန် သတိပေးအကြောင်းကြားစာ ပေးပို့ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးရုံးမှ လှိုင်းနှုန်းတိုင်းတာရေးအဖွဲ့သည် (၂၄..၂၀၁၉)ရက်နေ့မှ (၂၈..၂၀၁၉)ရက်နေ့အထိ ကမာရွတ်မြို့နယ်၊ ဗဟန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် တိုင်းတာရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ တရားမဝင် Repeater တပ်ဆင်အသုံးပြုနေသည့် လူနေအိမ် (၁၆)အိမ်တွင် Repeater စုစုပေါင်း (၂၅)လုံး တွေ့ရှိရပါသောကြောင့် နေအိမ်ပိုင်ရှင် များအနေဖြင့် ရက်သတ္တပတ်အတွင်းဖြုတ်သိမ်း၍ ရန်ကုန်တိုင်းဒေသကြီးရုံးသို့ လာရောက်အပ်နှံ နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

Posted by ptd

Posted on July 4, 2019


Weather
NAYPYITAW WEATHER