1st ASEAN Digital Senior Officials’ Meeting (1st ADGSOM) အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ပထမအကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (1st ASEAN Digital Senior Officials’ Meeting - 1st ADGSOM) အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ Virtual ဖြင့် ကျင်းပရာ မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဆက်သွယ်ရေး) အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း ဦးဆောင်၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေနှင့် ကိုယ်စားလှယ်အဖွဲ့မှ ပါဝင်တက်ရောက်ပါသည်။ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အာဆီယံ ဒစ်ဂျစ်တယ်ဆိုင်ရာအဆင်မြင့်အရာရှိကြီးများအစည်းအဝေးကိုကျင်းပရာ အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ ဒစ်ဂျစ်တယ်ဆိုင်ရာအရာရှိကြီးများ၊ ကိုယ်စားလှယ်များ၊ အာဆီယံ ICT Center နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အာဆီယံ ဒစ်ဂျစ်တယ်ဆိုင်ရာအဆင်မြင့်အရာရှိကြီးများသည် ဆွေးနွေးဘက်နိုင်ငံများမှ ဒစ်ဂျစ်တယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများနှင့် အစည်းအဝေးကို ဆက်လက်ကျင်းပရာ အာဆီယံနိုင်ငံများနှင့်   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေး ဌာနချုပ် (ITU) နှင့် ဉရောပသမဂ္ဂအဖွဲ့ (EU) နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြပါသည်။

အဆိုပါ အစည်းအဝေးတွင် ASEAN ICT Work plan ၂၀၂၁ အရ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခြင်း၊  ASEAN Digital Masterplan 2020 (ADM 2020) Final Review ဆောင်ရွက် ပြီးစီးမှုအား အတည်ပြုခြင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုများအပေါ် ဆွေးနွေးခြင်း၊ ဆွေးနွေးဘက်နိုင်ငံ များဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အမေရိ ကန်ပြည်ထောင်စု၊ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးဌာနချုပ် (ITU) နှင့် ဉရောပနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ ASEAN Digital Masterplan 2025 (ADM 2025) အား 1st ASEAN Digital Ministers’ Meeting (ADGMIN 1) တွင် တင်ပြအတည်ပြုနိုင်ရန် ဆွေးနွေးခြင်း၊ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအလိုက်ဆောင်ရွက်သည့် စီမံကိန်းများ ပြီးစီးမှုနှင့် ဆောင်ရွက်မှုအခြေအနေများ တင်ပြဆွေးနွေး ခြင်း၊ ASEAN Digital Ministers’ Meeting (ADGMIN) ၏ ထောက်ခံချက်ရယူရန်ရှိသည့် စီမံကိန်းများ၊ အာဆီယံ အိုင်စီတီ ရန်ပုံငွေဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခြင်းနှင့် အခြားဆက်သွယ်ရေးနှင့် အိုင်စီတီကဏ္ဍဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

Posted by ptd

Posted on January 21, 2021


Weather
NAYPYITAW WEATHER