“Consumer Protection Code for Public Telecommunication Services, Premium Rate Services & Outbound Voice, SMS & Data Roaming Services (Draft)” အား အများပြည်သူသဘောထားတောင်းခံခြင်း

ဆက်သွယ်​​​ရေးဥပဒေ၏   ရည်ရွယ်ချက်တစ်ရပ်ဖြစ်သည့်    ဆက်သွယ်​​ရေးဝန်ဆောင်မှု လုပ်ငန်းတည်ထောင်လုပ်ကိုင်သူနှင့် အသုံးပြုသူတို့ကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဟူသည့် ရည်ရွယ်ချက်နှင့်အညီ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ဖြစ်သည့်  အသုံးပြုသူကို အကာအကွယ်ပေးခြင်းဆိုင်ရာပြဋ္ဌာန်းချက်နှင့်အညီ  လုပ်ငန်း လိုင်စင်နှင့်စပ်လျဉ်း၍  အသုံးပြုသူကို အကာအကွယ်ပေးသည့် စံနှုန်းများကို သတ်မှတ်ပေးရမည် ဖြစ်ပါသည်။

ထိုသို့ အသုံးပြုသူကို အကာအကွယ်ပေးသည့် စံနှုန်းများ သတ်မှတ်နိုင်ရန်  “Consumer Protection Code for Public Telecommunication Services, Premium Rate Services & Outbound Voice, SMS & Data Roaming Services (Draft)” ရေးဆွဲထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အဆိုပါမူကြမ်းအပေါ် အကြံပြုချက်များ၊ သဘောထားမှတ်ချက်များ ပေးရန်ရှိပါက  ( ၂၈ . . ၂၀၁၉  )  ရက်နေ့  နောက်ဆုံးထား၍  အောက်ဖော်ပြပါလိပ်စာများသို့ လိပ်မူ၍ e-mail ဖြင့်လည်းကောင်း၊ စာတိုက်မှလည်းကောင်း ပေးပို့အကြံပြုနိုင်ပါကြောင်း အသိပေးဖိတ်ခေါ်အပ်ပါသည်။

          ရုံးလိပ်စာ

          ညွှန်ကြားရေးမှူးချုပ်

          ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

          ရုံးအမှတ် () နေပြည်တော်

          E-mail Address :  resource@ptd.gov.mm

ဖတ်ရန် သိမ်းဆည်းရန်

Posted by ptd

Posted on June 7, 2019


Weather
NAYPYITAW WEATHER