Universal Service Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ဆဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Universal Service Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ဆဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို (၃-၉-၂၀၂၀) ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး( USF Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ)၊ အမြဲတမ်းအတွင်းဝန် (ဆက်သွယ်ရေး)၊ USF Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဆက်သွယ်ရေးအော်ပရေတာများ၏ ကိုယ်စားလှယ် (by attending video conferencing) နှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် USF ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်  မြို့နယ်/မြို့(၃၃)ခုအတွက် တင်ဒါခေါ်ယူထားမှုအခြေအနေများ၊ Common Database နှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် အတွင်း USF ရန်ပုံငွေဖြင့် ပစ္စည်းများဝယ်ယူမှုအခြေအနေနှင့် ရန်ပုံငွေ ရငွေနှင့် အသုံးစရိတ်ရှင်းတမ်းနှင့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေသုံးစွဲရန် လျာထားချက် ပြင်ဆင်ထားရှိမှုများကို စိစစ်ဆွေးနွေးခြင်းနှင့် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ၂၀၁၉ မတ်လမှ ၂၀၂၀ မတ်လအထိ လုပ်ငန်းဆောင် ရွက်ထားမှု အစီရင်ခံစာ အတည်ပြုခြင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

Posted by ptd

Posted on September 4, 2020


Weather
NAYPYITAW WEATHER