ပထမအကြိမ် ADGSOM-ATRC Leaders’ Retreat အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခြင်း

ပထမအကြိမ် ADGSOM-ATRC Leaders’ Retreat (1st ASEAN Digital Senior Officials’ Meeting and ASEAN Telecommunications Regulators’ Council Leaders’ Retreat)  အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံမှအိမ်ရှင်အဖြစ် Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း ဦးဆောင်၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေနှင့် ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးကို ADGSOM အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံက အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ ဒစ်ဂျစ်တယ်ဆိုင်ရာအဆင်မြင့်အရာရှိကြီးများ၊ Regulator အဖွဲ့အစည်းအကြီးအကဲများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံအိုင်စီတီစင်တာတို့မှ ဒါရိုက်တာနှင့်တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် အာဆီယံအိုင်စီတီ ရန်ပုံငွေဆိုင်ရာကိစ္စရပ်များနှင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် (၃၈) ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင် ထုတ်ပြန်နိုင်ရေးအတွက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများသို့ တင်ပြအတည်ပြုချက်ရယူရန် လိုအပ်သည့် “Leaders’ Statement on Advancing the Digital Transformation of ASEAN” ပြုစုထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းအချိန်ဇယားတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

၎င်းအပြင် အာဆီယံအိုင်စီတီ Work plan ၂၀၂၁ အရ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ အာဆီယံအိုင်စီတီ Work plan ၂၀၂၂ ခုနှစ်အတွက် အဖွဲ့ဝင်နိုင်ငံများမှ လျာထားတင်ပြလာသည့် စီမံကိန်းများအား ဦးစားပေးလိုအပ်ချက်များနှင့် ရန်ပုံငွေအခြေအနေအပေါ်မူတည်၍ အတည်ပြုဆောင်ရွက်နိုင်ရေးကိစ္စများ၊ ပြင်ပအဖွဲ့အစည်းများ၏အကူအညီဖြင့်  ဆောင်ရွက်မည့်စီမံကိန်းများနှင့် အခြားဆက်သွယ်ရေးနှင့် အိုင်စီတီကဏ္ဍဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Posted by ptd

Posted on April 8, 2021


Weather
NAYPYITAW WEATHER