ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များကို လျှောက်ထားခြင်း

လျှောက်ထားလိုသူများသည် အောက်ပါစာရွက်စာတမ်းများနှင့်အတူ “ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂)၊ နေပြည်တော်” သို့ လိပ်မူ၍ပေးပို့လျှောက်ထားနိုင်ပါသည်။

၁- ကွန်ရက်အထောက် အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး ( Individual )

၂- ကွန်ရက်ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိသူများ လျှောက်ထားရာတွင် တင်ပြရမည့် အချက်အလက်များ

(၁) လိုင်စင်ရရှိသူမှ ခန့်အပ်ထားသော တာဝန်ရှိသူကိုယ်စားလှယ်၏အမည်နှင့် ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ ၊ ကိုယ်စားလှယ် လျှောက်ထားခြင်းဖြစ်ပါက လိုင်စင်ရရှိသူ၏ လက်မှတ်နှင့် ရက်စွဲပါရှိသော ကိုယ်စားလှယ်လွှဲစာ ၊

(၂) သက်ဆိုင်ရာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၏အသေးစိတ်အချက်အလက်များ၊

(၃) လျှောက်ထားချက်နှင့် သက်ဆိုင်သည့်အသုံးပြုနေဆဲဖြစ်သော ဆက်သွယ်ရေးနံပါတ် အတွဲများ သို့မဟုတ် နံပါတ်အပိုင်းအခြားအသေးစိတ်၊

(၄) ဦးစားပေးရွေးချယ်လိုသည့် နံပါတ်သင်္ကေတ ၊ ဆက်သွယ်ရေးနံပါတ်အတွဲ ၊ ဖြစ်နိုင်လျှင် ဒုတိယနှင့်တတိယဦးစားပေးနံပါတ်သင်္ကေတနှင့် ဆက်သွယ်ရေးနံပါတ်အတွဲ၊

(၅) ဆက်သွယ်ရေးနံပါတ်အတွဲ သို့မဟုတ် နံပါတ်အပိုင်းအခြားကိုအသုံးပြု၍ ဝန်ဆောင်မှုပေးရန် ရည်ရွယ်ထားသည့် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစား၏ အသေးစိတ်အချက်အလက်များနှင့် ယင်းဝန်ဆောင်မှုလုပ်ငန်းအတွက် အဆိုပြုဝန်ဆောင်ခနှုန်းထား ၊

(၆) လိုင်စင်ရရှိသူသို့ ယခင်ခွဲဝေသတ်မှတ်ပေးထားသည့် အလားတူဆက်သွယ်ရေးနံပါတ်များအား အသုံးပြုမှုနှင့် ကာလတစ်ခုအတွင်း မျှော်မှန်းထားသည့် အသုံးပြုမှုခန့်မှန်းချက်၊

(၇) လိုင်စင်ရရှိသူအသုံးပြုမည့်နည်းပညာနှင့် လုပ်ငန်းဆောင်ရွက်မှုစနစ်တည်ဆောက်ပုံအကျဉ်းချုပ် ။

Posted by ptd

(Posted on February 9, 2018) (Update on September 6, 2018)



Weather
NAYPYITAW WEATHER