အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေးဌာန၏ တာ၀န်ဝတ္တရားများ

  •  ဆက်သွယ်ရေးဥပဒေ အခန်း (၁၅)၊ ပုဒ်မ (၅၃) အရ ဝန်ကြီးဌာနသည် နိုင်ငံအတွင်းရှိ အခြေခံ ဆက်သွယ် ရေး ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသည့် နယ်မြေဒေသများ (underserved area) အခြေခံဆက်သွယ်ရေး အဆောက်အအုံ တိုးချဲ့တည်ဆောက်နိုင်စေရန်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှု ပိုမိုကျယ်ပြန့် ကောင်းမွန်စေနိုင်မည့် အစီအစဉ်များချမှတ်နိုင်ပြီး ပုဒ်မ (၅၄) အရ အများပြည်သူအကျိုးငှာ အခြေခံဆက်သွယ်ရေး လိုအပ်ချက်ကို ဖြည့်ဆည်းရေးအစီအစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။  
  • ဆက်သွယ်ရေးဥပဒေ အခန်း (၁၅)၊ ပုဒ်မ (၅၅) အရ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် တည် ထောင်ထားသော ရန်ပုံငွေကို အသုံးပြု၍ အများပြည်သူအကျိုးငှာ နေရာဒေသမရွေး အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းခြင်းအစီအစဉ်များ အကောင်အထည်ဖော်ရာတွင် ကြီးကြပ်ရမည်ဖြစ်ခြင်း။  
  • အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေး မဟာဗျူဟာအား (၅) နှစ် တစ်ကြိမ်ရေးဆွဲခြင်း။  
  • မဟာဗျူဟာရေးဆွဲရာတွင် အကြံပေးအဖွဲ့အား ငှားရမ်း၍ ဆောင်ရွက်ခြင်း။  
  • မဟာဗျူဟာအား အောက်ဖော်ပြပါ နည်းစနစ်များဖြင့် ပူးပေါင်း၍ရေးဆွဲခြင်း- - အချက်အလက်နှင့် အထောက်အထားစုဆောင်းမှု - လွတ်လပ်၍ ကျယ်ပြန့်သော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍဆန်းစစ်မှု - လုပ်ငန်းလုပ်ကိုင်နေသူများနှင့် အခြား Key Stakeholders များနှင့် ဆွေးနွေးတိုင်ပင်မှုများ - မြန်မာနိုင်ငံသတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာစီမံကိန်းများမှ အတွေ့အကြုံများ နှင့် ပိုမိုကျယ်ပြန့်သော သက်ဆိုင်ရာအကြောင်းအရာများ၏ ဆန်းစစ်ချက်များနှင့် - နိုင်ငံတကာအတွေ့အကြုံများနှင့် အသင့်လျော်ဆုံးလုပ်ဆောင်ချက်များ (best practices)  
  • မဟာဗျူဟာအား အများပြည်သူ၏ သဘောထားဆန္ဒတောင်းခံခြင်းများပြုလုပ်ခြင်း။  
  • မဟာဗျူဟာတွင် (၅) နှစ်တွင်း ဆောင်ရွက်ရမည့် အစီအစဉ်များအား တိကျစွာ ဖော်ပြထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။  
  • မဟာဗျူဟာအား အစိုးရရုံးသို့ပေးပို့၍ အတည်ပြုချက်တောင်းခံခြင်း။  
  • လုပ်ငန်းအကောင်အထည်ဖော်ခြင်းများ ဆောင်ရွက်ရန်အတွက် Third Party အား ငှားရမ်းခြင်း။  
  • လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ထားမှုများအား စောင့်ကြည့်စစ်ဆေးခြင်း (Monitering and Evaluation)။  
  • နှစ်စဉ်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား Annual Report များ ထုတ်ပြန်ကြေညာခြင်း။  
  • မဟာဗျူဟာအရ (၅) နှစ်တာ လုပ်ငန်းများ ဆောင်ရွက်ပြီးချိန်တွင် နောက် (၅) နှစ်တာအတွက် မဟာဗျူဟာ ပြန်လည်ရေးဆွဲခြင်း။  
  • ပထမ (၅) နှစ်တာ ပြီးဆုံးချိန်တွင် ဆောင်ရွက်ပြီးစီးမှုများအပေါ် Analysis များ ပြုလုပ်၍ ဒုတိယ (၅) နှစ်တာအတွက် မဟာဗျူဟာ ပြန်လည်ရေးဆွဲခြင်းနှင့် အချိန်ကာလအလျောက် ဆက်သွယ်ရေး ဝန်ဆောင်မှုများနှင့် နည်းပညာများအပေါ် မျက်ခြေမပြတ်စောင့်ကြည့်လေ့လာ၍ နောက် (၅) နှစ်တာအတွက် မဟာဗျူဟာများ ရေးဆွဲခြင်း။

Posted by ptd

Posted on February 3, 2018


နောက်ဆုံးရသတင်းများ
Weather
NAYPYITAW WEATHER