အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဌာန၏တာဝန်ဝတ္တရားများ

  • အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)၊ အပြည်ပြည်ဆိုင်ရာကြေးနန်း ဆက်သွယ်ရေးအဖွဲ့ချုပ် (ITU)၊ အာရှပစိဖိတ်ကြေးနန်း ဆက်သွယ်ရေးအကျိုးတူအဖွဲ့ (APT)၊ ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU)၊ အာရှနှင့်ပစိဖိတ်စာပို့တိုက်အဖွဲ့(APPU) တို့နှင့်ဆက်သွယ်ခြင်း
     
  • ဆက်သွယ်ရေး၊ သတင်းအချက်အလက်များနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ဆက်သွယ်ခြင်း ၊ UNDP၊ UNESCAP စသော အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ သဘောထားမှတ်ချက်များပြန်ကြားခြင်း
     
  • အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)၊ အပြည်ပြည်ဆိုင်ရာကြေးနန်း ဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) ၊ အာရှပစိဖိတ် ကြေးနန်းဆက်သွယ်ရေးအကျိုးတူအဖွဲ့ (APT)၊ ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU)၊ အာရှ-ပစိဖိတ် စာပို့တိုက် အကျိုးတူအဖွဲ့ (APPU) တို့က ဖိတ်ကြားလာသော ညီလာခံများ ၊ အစည်းအဝေးပွဲများ ၊ ဆွေးနွေးပွဲများနှင့် သင်တန်းများသို့ ကိုယ်စားလှယ်များ တက်ရောက်နိုင်ရန်စီစဉ်ဆောင်ရွက်ခြင်း
     
  • အရှေ့တောင်အာရှ နိုင်ငံများအသင်း(ASEAN)၊ အပြည်ပြည်ဆိုင်ရာကြေးနန်း ဆက်သွယ်ရေးအဖွဲ့ချုပ် (ITU)၊ အာရှပစိဖိတ်ကြေးနန်း ဆက်သွယ်ရေးအကျိုးတူအဖွဲ့ (APT) ၊ ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU )၊ အာရှ-ပစိဖိတ် စာပို့တိုက်အဖွဲ့ (APPU) တို့မှ ပေးပို့လာသော ဆုံးဖြတ်ချက်များ ၊ အကြံပြုချက်များ၊ အဆိုပြုချက်များ၊ သဘောထားတောင်းခံချက်များ၊ မေးခွန်းလွှာများ အကြောင်းကြားစာများနှင့် ပတ်သက်၍ ပြန်ကြားခြင်း
     
  • အပြည်ပြည်ဆိုင်ရာကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) ၊အာရှပစိဖိတ် ကြေးနန်း ဆက်သွယ်ရေးအကျိုးတူအဖွဲ့ (APT) ၊ ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU )၊ အာရှ-ပစိဖိတ် စာပို့တိုက်အဖွဲ့ (APPU) မှ ထုတ်ပြန်ထားသော ပဋိဉာဉ်စာတမ်းနှင့် ကွန်ဗင်းရှင်းများ ၊ ညီလာခံဆုံးဖြတ်ချက်များကို လေ့လာ သုံးသပ်ခြင်း 
     
  • အရှေ့တောင်အာရှ နိုင်ငံများအသင်း(ASEAN)၊ အပြည်ပြည်ဆိုင်ရာကြေးနန်း ဆက်သွယ်ရေးအဖွဲ့ချုပ် (ITU)၊ အာရှ-ပစိဖိတ် ကြေးနန်းဆက်သွယ်ရေး အကျိုးတူ အဖွဲ့(APT)၊ သို့ ထည့်ဝင်ရသည့် နှစ်စဉ်ထည့်ဝင်ကြေးများ၊ ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU )နှင့် အာရှ -ပစိဖိတ် စာပို့တိုက်အဖွဲ့ (APPU) တို့သို့ ထည့်ဝင်ရသည့် နှစ်စဉ်ထည့်ဝင်ကြေးနှင့် ဘာသာပြန်ဆိုခများကို အချိန်မီ ပေးသွင်းရေး‌ဆောင်ရွက်ခြင်း 
     
  • မြန်မာနိုင်ငံမှထုတ်ဝေသော တံဆိပ်ခေါင်းများ ၊ နိုင်ငံတကာမှ ထုတ်ဝေသော တံဆိပ်ခေါင်းများကို စာရင်းပြုစုထိန်းသိမ်းခြင်း ၊ မြန်မာနိုင်ငံမှထုတ်ဝေသော တံဆိပ်ခေါင်းများ ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU ) သို့ ပေးပို့ခြင်း
     
  • အာဆီယံဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ဆက်သွယ်ခြင်း 
     
  • အာဆီယံစီးပွားရေးအသိုက်အဝန်း(ASEAN ECONOMIC COMMUNITY -AEC) Blueprint နှင့် Roadmap များအရ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်း ပညာဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့ အစည်းများနှင့် ဆက်သွယ်ခြင်း 
     
  • အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ( ASEAN Free Trade Area (AFTA) ) တွင် ဆောင်ရွက်ရမည့် ဆက်သွယ်‌ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း 
     
  • AEC တွင် ပါဝင်သော အီလက်ထရောနစ် ဆက်သွယ်ရေးနည်းဖြင့် ကူးသန်း ရောင်းဝယ်ခြင်းဆိုင်ရာ ဆောင်ရွက်ရမည့်လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ခြင်း
     
  • အာဆီယံ ကနဦးပေါင်းစည်းရေးအစီအစဉ် (Initiative for ASEAN Integration ( IAI ) ) တွင် ပါဝင်သော ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ကဏ္ဍနှင့် ပတ်သက်၍ ဆောင်ရွက်ခြင်း 
     
  • အာဆီယံဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာစီမံကိန်းများနှင့် စီမံချက်များအရဖွင့်လှစ်ပို့ချသောသင်တန်းများသို့ သက်ဆိုင်ရာဌာန ၊ အဖွဲ့အစည်းများမှ တက်ရောက်နိုင်ရေးစီစဉ်ဆောင်ရွက်ခြင်း 
     
  • အာဆီယံဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ အစည်းအဝေးများဖြစ်သည့် TELMIN/ TELSOM/ ATRC နှင့် ဆက်စပ်အစည်း အဝေးပွဲများအား အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပခြင်း 
     
  • အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာကိစ္စရပ်များ နှင့် ပတ်သက်၍ အခြား၀န်ကြီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း

Posted by ptd

Posted on February 3, 2018


နောက်ဆုံးရသတင်းများ
Weather
NAYPYITAW WEATHER