၁။ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်ရှိ တိုးကြောင်ကလေး ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်းအနီးတွင် HF(High Frequency) Monitoring စနစ်တည်ဆောက်ခြင်းအတွက် Equipment ဝယ်ယူခြင်း၊ Software ဝယ်ယူခြင်း နှင့် Equipment Installation ပြုလုပ်ခြင်း လုပ်ငန်းများအား (1-Lot) အဖြစ် ဆောင်ရွက်နိုင်ရန် အတွက် မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ တင်ဒါပုံစံစတင်ရောင်းချမည့်နေ့ - ၃ - ၆ - ၂၀၂၂ (သောကြာနေ့)
၃။ တင်ဒါပုံစံအရောင်းပိတ်မည့်နေ့ - ၁၇ - ၆ - ၂၀၂၂ (သောကြာနေ့)
၄။ တင်ဒါပုံစံရောင်းချမည့်နေရာ - ပစ္စည်းဌာနစု၊ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊
ရုံးအမှတ်(၂)၊နေပြည်တော်
၅။ တင်ဒါတင်သွင်းရမည့်နေရာ - တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ရုံးအမှတ်(၂)၊
နေပြည်တော်
၆။ တင်ဒါဖွင့်ဖောက်မည့်ရက်နှင့်အချိန် - ၇ - ၇ - ၂၀၂၂ (ကြာသပတေးနေ့)
နံနက်(၁၀:၃၀)နာရီ
၇။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်းနံပါတ် ၀၆၇- ၃၄၀၇၀၅၁ ၊ ၀၆၇- ၃၄၀၇၇၈၆ သို့ဖြစ်စေ ရုံးချိန် အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Posted on
June 2, 2022