SIM Registration Management System တည်ဆောက်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သူအား ကြေညာခြင်း

၁။         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီ(SIM Registration Management System တည်ဆောက်ခြင်းလုပ်ငန်း)သည် အများပြည်သူ အသုံးပြုနေသော တယ်လီဖုန်း SIM Card များ စနစ်တကျ မှတ်ပုံတင်နိုင်ရေးအတွက် SIM Registration Management  System တည်ဆောက်နိုင်ရန် ၂၈-၁၀-၂၀၂၂ ရက်နေ့နှင့် ၄-၁၁-၂၀၂၂ ရက်နေ့တို့တွင် မြန်မာ့အလင်းသတင်းစာ၌ လည်းကောင်း၊ ၃၁-၁၀-၂၀၂၂ ရက်နေ့နှင့် ၄-၁၁-၂၀၂၂ ရက်နေ့တို့တွင် ကြေးမုံသတင်းစာ၌ လည်းကောင်း Open တင်ဒါဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး တင်ဒါခေါ်ယူခဲ့ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန Website စာမျက်နှာများတွင်လည်း  အများပြည်သူသိရှိစေရန် ဖော်ပြခဲ့ပါသည်။

၂။       အဆိုပါတင်ဒါကို ACE DATA SYSTEMS LIMITED, NAUNG YOE TECHNOLOGIES Co., Ltd, Secure Link Co., Ltd နှင့် Cyber Net Technology Services Co., Ltd တို့မှ တင်ဒါဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါသည်။

၃။         SIM Registration Management System ဆောင်ရွက်ခြင်းလုပ်ငန်းအတွက် “တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ” သည်  ၁၂-၁၂-၂၀၂၂  ရက်နေ့တွင် တင်ဒါဖွင့်လှစ်ခဲ့ပြီး ကုမ္ပဏီ(၄)ခုမှ အဆိုပြုတင်ပြလာသောတင်ဒါများကို တင်ဒါစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စိစစ်ဆောင်ရွက်ခဲ့ပြီး အကဲဖြတ်မှုအစီရင်ခံစာကို ဝန်ကြီးရုံးတင်ဒါကော်မတီ(SIM Registration Management System တည်ဆောက်ခြင်းလုပ်ငန်း)သို့ တင်ပြခဲ့ရာ NAUNG YOE TECHNOLOGIES Co., Ltd အား တင်ဒါအောင်မြင်သူအဖြစ်ရွေးချယ်၍ လုပ်ငန်းအပ်နှံဆောင်ရွက်သွားရန် ၁-၃-၂၀၂၃ ရက်နေ့တွင် ကျင်းပခဲ့သော တင်ဒါကော်မတီအစည်းအဝေး၌ သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။

၄။      ၎င်းအပြင် ၁၃-၃-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ “ကြီးကြပ်ကွပ်ကဲရေးအဖွဲ့” ၏ (၁၁)ကြိမ်မြောက် အစည်းအဝေးတွင်လည်း တင်ဒါကော်မတီ၏ သဘောတူဆုံးဖြတ်ချက်အတိုင်း NAUNG YOE TECHNOLOGIES Co., Ltd အား ရွေးချယ်ကာ လုပ်ငန်းအပ်နှံဆောင်ရွက်သွားရန် သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။ ထို့အပြင် အဆိုပါကိစ္စအား ဝန်ကြီးရုံးသို့ ဆက်လက်တင်ပြခဲ့ရာ ဝန်ကြီးရုံး၏ခွင့်ပြုချက်လည်း ရရှိခဲ့ပြီးဖြစ်ပါသည်။

၅။      သို့ဖြစ်ပါ၍ တင်ဒါကော်မတီ၏ သဘောတူဆုံးဖြတ်ချက်၊ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ သဘောတူဆုံးဖြတ်ချက်၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ခွင့်ပြုချက်တို့အရ SIM Card များ စနစ်တကျ မှတ်ပုံတင်နိုင်ရေးအတွက် SIM Registration Management  System တည်ဆောက်နိုင်ရန် ခေါ်ယူခဲ့သော တင်ဒါအတွက် NAUNG YOE TECHNOLOGIES Co., Ltd အား တင်ဒါအောင်မြင်သူအဖြစ် ရွေးချယ်သည့်ကိစ္စအား သိရှိနိုင်ပါရန်နှင့် လုပ်ငန်းကာလ(၄)နှစ်စာအတွက် လုပ်ငန်းတန်ဖိုး ၆,၉၉၁,၇၀၁,၀၀၀ ကျပ် (ခြောက်ဘီလီယံ ကိုးရာ ကိုးဆယ့်တစ်သန်း ခုနှစ်သိန်း တစ်ထောင်ကျပ်) တိတိဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

                                                                                                                                                                                                                                                            တင်ဒါကော်မတီ

(SIM Registration Management System တည်ဆောက်ခြင်းလုပ်ငန်း)

Posted by ptd

Posted on April 3, 2023


Weather
NAYPYITAW WEATHER