ဒု-ဦးစီးမှူး (အင်ဂျင်နီယာ) ရာထူးနှင့် ဒု-ဦးစီးမှူးရာထူးတို့အတွက် ရေးဖြေစာမေးပွဲအောင်မြင်သူများစာရင်းနှင့် အငယ်တန်းစာရေး/ စာရင်းကိုင်-၄/ ဒု-လက်ထောက်ဦးစီးမှူး/ ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူးနေရာများအတွက် လူတွေ့စစ်ဆေးခြင်းနှင့် ကျွမ်းကျင်မှုစစ်ဆေးခြင်း ဖြေဆိုခွင့်ရရှိသူများစာရင်း ထုတ်ပြန်ခြင်း
၁။ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင်လစ်လပ်လျက်ရှိသော (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ဒု-ဦးစီးမှူး (အင်ဂျင်နီယာ) ရာထူး (၄)နေရာနှင့် ဒုတိယဦးစီးမှူး(၁)နေရာတို့အတွက် အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို (၁-၁၀-၂၀၂၆) ရက်နေ့နှင့် (၂-၁၀-၂၀၂၆ ) ရက်နေ့တို့တွင်ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ရာလူတွေ့စစ်ဆေးခြင်းနှင့်ကျွမ်းကျင်မှုစစ်ဆေးခြင်းကို(၁၅-၁၀-၂၀၂၆)ရက်နေ့တွင်လည်းကောင်း၊(လစာနှုန်းကျပ်၁၈၀၀၀၀-၂၀၀၀- ၁၉၀၀၀၀) အငယ်တန်းစာရေး / စာရင်းကိုင်-၄/ ဒု-လက်ထောက်ဦးစီးမှူး/ ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူးနေရာများအတွက် လူတွေ့စစ်ဆေးခြင်းနှင့် ကျွမ်းကျင်မှုစစ်ဆေးခြင်းများကို ( ၁၅-၁၀-၂၀၂၆ ) ရက်နေ့တွင်လည်းကောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ် ( ၂ ) ၊ နေပြည်တော်၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
၂။ နေပြည်တော်သို့ လာရောက်ဖြေဆိုနိုင်ခြင်းမရှိသူများအား Online မှ ဖြေဆိုနိုင်ရန်အတွက် Zoom Link ပေးပို့သွားမည်ဖြစ်ပါသည်။
၃။ လူတွေ့စစ်ဆေးခြင်း လာရောက်ဖြေဆိုမည့်သူများသည် ဘွဲ့လက်မှတ်(မူရင်း)၊ ပညာအရည်အချင်းထောက်ခံချက်(မူရင်း)၊ လိုင်စင်ဓါတ်ပုံ(၅)ပုံ (အင်္ကျီအဖြူရောင် နောက်ခံအပြာရောင်)၊ အလုပ်သမားမှတ်ပုံတင် (မူရင်း)နှင့်အတူ ဖြေဆိုရမည့်နေ့ရက်တွင် နံနက်(၀၉:၃၀)နာရီအရောက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ် (၂)၊ နေပြည်တော်၌ သတင်းပို့ကြရမည်ဖြစ်သည်။
၄။ အသေးစိတ်သိရှိလိုပါက စီမံရေးရာဌာန ၊ ဝန်ထမ်းစီမံခန့်ခွဲရေးဌာနခွဲ ဖုန်း-၀၉ -၄၂၄၀၀၀၆၃၈ နှင့် ၀၆၇- ၃၄၀၇၂၅၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်)
ဖတ်ရန်
သိမ်းဆည်းရန်
Posted on
October 13, 2026