အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၂/၂၀၂၆) ကျင်းပပြုလုပ်ခြင်း
အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆)ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်၊ ကြာသပတေးနေ့၊ မွန်းလွဲ(၁၆:၀၀)နာရီအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူး၊ ဆက်သွယ်ရေးအော်ပရေတာ ကိုယ်စားလှယ်နှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အရ-အသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်အား အတည်ပြုခြင်းကိစ္စ၊ မန္တလေးငလျင်ဒဏ်ကြောင့် ဆက်သွယ်ရေးကဏ္ဍ ပျက်စီးဆုံးရှုံးမှုများအပေါ် USF ရန်ပုံငွေဖြင့် ထောက်ပံ့ကုစားခဲ့သည့်ကိစ္စ၊ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းမည် ဖြစ်ပါသဖြင့် အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ ထူထောင်ခြင်း စည်းမျဉ်းတွင် လိုအပ်သော အချက်အလက်များ ပြင်ဆင်ဖြည့်စွက်ထားသည့် စည်းမျဉ်း (မူကြမ်း) အား တင်ပြခြင်းကိစ္စ၊ USF Fund ဖြင့် Telecommunication Infrastructure Services,Rural Project (၁/၂၀၂၄) စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုကိစ္စတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြပါသည်။
ဖတ်ရန်
သိမ်းဆည်းရန်
Posted by
ptd
Posted on
March 10, 2026