Universal Service Strategy For Myanmar (2019-2023) အား၂၀၂၆ ခုနှစ် ဒီဇင်ဘာလကုန် အထိ သက်တမ်း (၃) နှစ် တိုးမြှင့်ကြောင်းကြေညာခြင်း

        အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ မဟာဗျူဟာ (Universal Service Strategy for Myanmar) (2019-2023) ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ကနေဒါနိုင်ငံအခြေစိုက် Intelecon Research & Consultancy Ltd အကြံပေးအဖွဲ့တို့ ပူးပေါင်းရေးဆွဲခဲ့ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမိန့်ကြော်ငြာစာအမှတ် (၂၈/၂၀၂၀) ဖြင့် ၂၄-၁-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

          Universal Service Strategy for Myanmar (2019-2023) သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် သက်တမ်းကာလပြည့်ပြီးဖြစ်ရာ Strategy အား ပြင်ဆင်ရေးဆွဲရန်လိုအပ်သော်လည်း နိုင်ငံအတွက် လိုအပ်သောဆက်သွယ်ရေးအခြေခံအဆောက်အအုံများ ဆက်လက်ဆောင်ရွက်ရန် အမှန်တကယ်လိုအပ်နေသေးခြင်းကြောင့်လည်းကောင်း၊ ယခင်ထုတ်ပြန်ထားပြီးဖြစ်သည့် မဟာဗျူဟာပါ မူဝါဒများအချို့နှင့် ကိုက်ညီနေသေးသဖြင့်လည်းကောင်း အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာ မဟာဗျူဟာ (Universal Service Strategy for Myanmar) (2019-2023) အား ၂၀၂၆ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ နောက်ထပ် (၃) နှစ် သက်တမ်း တိုးမြှင့်ခွင့်ပြုပေးနိုင်ပါရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့ပါသဖြင့် ယခင်ထုတ်ပြန်ထားပြီးဖြစ်သည့် Universal Service Strategy for Myanmar (2019-2023) အား ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ သက်တမ်းတိုးမြှင့်ကြောင်း အများပြည်သူသိရှိနိုင်ရေး အသိပေးကြေညာအပ်ပါသည်။

 

ဖတ်ရန် သိမ်းဆည်းရန်

Posted by ptd

Posted on May 16, 2024


Weather
NAYPYITAW WEATHER