APT Local Training on Internet Governance သင်တန်း ကျင်းပ

အာရှ-ပစိဖိတ်ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (Asia- Pacific Telecommunity) မှ ကြီးမှူး၍ အာရှ-ပစိဖိတ်အင်တာနက်ဆိုင်ရာအဖွဲ့အစည်း (Asia- Pacific Internet Society) ပံ့ပိုးကူညီမှုဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၁၀--၂၀၁၉ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် APT Local Training on Internet Governance သင်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးနိုင် အဖွင့်အမှာစကားပြောကြားပြီး Asia- Pacific Internet Society (ISOC) မှ Regional Director ဖြစ်သူ Mr. Rajnesh Singh နှင့် Regional Development Manager ဖြစ်သူ Mr. Naveed Haq တို့မှ အသီးသီး နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။

အဆိုပါသင်တန်းတွင် Internet Governance ဆိုင်ရာ အခြေခံသဘောတရားများ၊ မူဝါဒ ချမှတ်ခြင်းဆိုင်ရာစည်းမျဉ်းများ၊ စံချိန်စံညွှန်းဆိုင်ရာကိစ္စရပ်များ၊ လုပ်ထုံးလုပ်နည်းများ၊ နည်း စနစ်များ၊  မူဘောင်များ၊ ဥပဒေရှုထောင့်များ စသည်တို့နှင့်စပ်လျဉ်း၍ ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းအား ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့မှ (၁၂) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန   သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့မှ သင်တန်းသားကိုယ်စားလှယ် စုစုပေါင်း (၃၅) ဦး တက်ရောက် ကြပါသည်။

Posted by ptd

Posted on June 11, 2019


Weather
NAYPYITAW WEATHER