ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လစ်လပ်ရာထူးနေရာများအတွက် လျှောက်လွှာပိတ်ရက်နှင့် စာမေးပွဲဖြေဆိုရမည့်နေ့ရက်များ ပြင်ဆင်သတ်မှတ်ခြင်း

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး၊ ဒု-လက်ထောက်ဦးစီးမှူး၊ စာရင်းကိုင်-၄ နှင့် ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူးနေရာများအတွက် လျှောက်ထားသူများအနေဖြင့်   လျှောက်လွှာပိတ်ရက်အား (၇-၈-၂၀၂၆) ရက်နေ့အစား (၂၈-၈-၂၀၂၆) ရက်နေ့သို့ ပြင်ဆင်သတ်မှတ်ပါကြောင်းနှင့် ဒုတိယဦးစီးမှူးရာထူးနေရာ လျှောက်ထားသူများအတွက်‌ ရေးဖြေစာမေးပွဲကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် (၁၃-၈-၂၀၂၆)ရက်နေ့ (ကြာသပတေးနေ့) နှင့် (၁၄-၈-၂၀၂၆) ရက်နေ့ (သောကြာနေ့)တို့တွင်  ကျင်းပပြုလုပ်သွားမည့်နေ့ရက်များအစား  (၃-၉-၂၀၂၆) ရက်နေ့ (ကြာသပတေးနေ့) နံနက်(၀၉:၃၀) နာရီမှ(၁၁:၃၀)နာရီထိ မြန်မာစာဘာသာရပ်ကိုလည်းကောင်း၊ (၁၃:၀၀)နာရီမှ (၁၅:၀၀)နာရီထိ အင်္ဂလိပ်စာဘာသာရပ်ကိုလည်းကောင်း ၊ (၄-၉-၂၀၂၆ ) ရက်နေ့ (သောကြာနေ့)  နံနက် (၀၉:၃၀) နာရီမှ  (၁၁:၃၀ ) နာရီထိ အထွေထွေဗဟုသုတဘာသာရပ်ကိုလည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်းနှင့် စာမေးပွဲဖြေဆို ခွင့်ကတ်ပြားများအား (၃၁-၈-၂၀၂၆) ရက်နေ့မှ (၁-၉-၂၀၂၆) ရက်နေ့အထိ ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြသ၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ်(၂) နေပြည်‌တော်နှင့် ရန်ကုန်တိုင်း‌‌ဒေသကြီးရုံးခွဲတို့တွင် ထုတ်ပေးသွားမည်ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲအောင်မြင်သူများအား လူတွေ့စစ်ဆေးခြင်းကို (၁၇-၉-၂၀၂၆)ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဒု-လက်ထောက်ဦးစီးမှူးနှင့် လစာနှုန်းတူ ရာထူးနေရာများအတွက် လျှောက်ထားသူများသည် (၁၇-၉-၂၀၂၆) ရက်နေ့တွင် လူတွေ့စစ်ဆေးခြင်းနှင့် ကျွမ်းကျင်မှုစစ်ဆေးခြင်းများ ခံယူရမည်ဖြစ်ပါသည်။

 

ဖတ်ရန် သိမ်းဆည်းရန်

Posted by ptd

Posted on August 10, 2026


Weather
NAYPYITAW WEATHER