အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၆) ကျင်းပပြုလုပ်ခြင်း
အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၆)ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်၊ အင်္ဂါနေ့၊ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကြီးကြပ် ကွပ်ကဲရေး အဖွဲ့ဝင်များဖြစ်ကြသည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဆက်သွယ်ရေးအော်ပရေတာကိုယ်စားလှယ်နှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး Nine Communications Company Limited ၏ ၂၀၂၄ ခုနှစ်အတွက် USF Fee ခန့်မှန်းပေးသွင်းမှုအပေါ် လိုငွေကွာဟချက်အတွက် အတိုး ၁% ကောက်ခံမည့်ကိစ္စ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် လျာထားစီမံကိန်းများနှင့် ဆောင်ရွက်ခဲ့မှုအခြေအနေ၊ အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် လျာထားစီမံကိန်းများနှင့် ဆောင်ရွက်မည့်အခြေအနေ၊ USF ရန်ပုံငွေဖြင့် UPS ၊ Generator အပါအဝင် VSAT Terminal (၄) စုံအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူနိုင်ရေး တင်ဒါခေါ်ယူခြင်းကိစ္စတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ဖတ်ရန်
သိမ်းဆည်းရန်
Posted by
ptd
Posted on
June 15, 2026