၂၀၂၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် ပိုစတာ “ကမ္ဘာမြေအတွက် စာပို့တိုက် (Post for Planet)”

ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU) သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်အခမ်းအနားအတွက် “ကမ္ဘာမြေ အတွက် စာပို့တိုက် (Post for Planet)” Theme ဖြင့် ပိုစတာကိုထုတ်ပြန်ခဲ့ပါသည်။

ပိုစတာဒီဇိုင်းတွင် စိမ်းလန်းစိုပြေသော ကမ္ဘာကြီး၏ ဂေဟဗေဒစနစ်ကို ရည်ညွှန်း၍ အစိမ်းရောင်ဖြင့် ထင်ရှားစွာဖော်ပြထားရှိကာ၊ ကမ္ဘာဂြိုဟ်ပုံသဏ္ဍန်ကို အခြေခံထားပြီး အပေါ်ပိုင်းသည် နေ့အချိန် ၊ အောက်ပိုင်းသည် ညအချိန်ဖြင့် ကမ္ဘာမြေကြီးပေါ်တွင် နေ့နဲ့ ည အဆက်မပြတ်လည်ပတ်၍ ပုံမှန်အတိုင်းရွေ့လျားပြောင်းလဲနေမှုတို့ကို ပုံဖော်ထားပါသည်။ စာပို့တိုက်လုပ်ငန်းသည် ကမ္ဘာပေါ်ရှိ နေရာတိုင်းတွင်ရှိပြီး ပြည်သူအားလုံးအတွက် စာပို့ ဝန်ဆောင်မှုများပေးနိုင်ရန် ဝေးလံခေါင်ဖျားနေရာများပါမကျန် ရောက်ရှိနိုင်ပြီး ‌ဒေသများ အကြား ဆက်သွယ်‌ပေးနေခြင်းကို dashed lines များဖြင့် ချိတ်ဆက်ဖော်ဆောင်ထား ခြင်းဖြစ်ပါသည်။

ရာသီဥတုပြောင်းလဲမှု၏ ဆိုးရွားသော သက်ရောက်မှုများမှ ရှောင်ရှားနိုင်ရန်အတွက် ပြည်သူများအားလုံးနှင့် ကဏ္ဍအားလုံးမှ အရေးတကြီး ပါဝင်ဆောင်ရွက်ဖို့ လိုအပ်လာ သည်ကို သတိပြုမိစေရန်နှင့် စာတိုက်လုပ်ငန်းအနေဖြင့် အနာဂတ်မျိုးဆက်သစ်များ အတွက် ရေရှည်တည်တံ့ပြီး စိမ်းလန်းစိုပြေသော အနာဂတ်ဝန်းကျင်တစ်ရပ်ကို တည်ဆောက်နိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင် ရှေ့တန်းမှဦးဆောင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းကို သိရှိနိုင်စေရန် ရည်ရွယ်၍ “Post for Planet” ခေါင်းစဉ်ဖြင့် ဖန်တီးရေးဆွဲပုံဖော်ထားခြင်းဖြစ်ပါသည်။

Posted by ptd

Posted on October 7, 2022


Weather
NAYPYITAW WEATHER