SIM Card များ စနစ်တကျမှတ်ပုံတင်နိုင်ရေးအတွက် လိုအပ်သော SIM Registration Management System တည်ဆောက်နိုင်ရန် RFI (Request for Information) ထုတ်ပြန်ခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် SIM Card များ စနစ်တကျမှတ်ပုံတင်နိုင်ရေးအတွက် လိုအပ်သော SIM Registration Management System တည်ဆောက်နိုင်ရန်အတွက် လိုအပ်သော Technical Specifications နှင့်တင်ဒါစည်းကမ်းချက်များအား  ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မိုဘိုင်းအော်ပရေတာများ ပါဝင်သော Joint Working Group ဖွဲ့စည်း၍  စနစ်တကျ ပြုစုခဲ့ပါသည်။

အဆိုပါ ပြုစုထားပြီးဖြစ်သော Technical Specifications နှင့် တင်ဒါစည်းကမ်းချက် များအား ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန Website နှင့် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန Website တို့တွင် ( ၄-၁၀-၂၀၂၂) ရက်နေ့မှစ၍ RFI (Request for Information) အဖြစ် ထုတ်လွှင့်တင်ပြထားမည်ဖြစ်ပါသည်။

အဆိုပါ ပြုစုထားပြီးဖြစ်သော Technical Specifications နှင့် တင်ဒါစည်းကမ်းချက်များ ပါဝင်သော RFI (Request for Information)  အပေါ် အကြံပြုချက်များအား (၁၁-၁၀-၂၀၂၂) နောက်ဆုံးထားပြီး commondatabaseproject.ptd@gmail.com သို့ အကြံပြုချက်များ ပေးပို့နိုင်ပါကြောင်းနှင့်သိရှိလိုသည့်အချက်များရှိပါက (၀၆၇-၃၄၀၇၇၈၁) သို့ ရုံးချိန် အတွင်း မေးမြန်းစုံးစမ်းနိုင်ပါကြောင်း အသိပေးကြော်ငြာအပ်ပါသည်။

                                                                                                                                                                                                        ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ဖတ်ရန် သိမ်းဆည်းရန်

Posted by ptd

Posted on October 4, 2022


Weather
NAYPYITAW WEATHER