အဝေးဆက်သွယ်ရေး ပင်မဖိုင်ဘာကေဘယ်လမ်းကြောင်းနှင့် မြို့ပြဧရိယာများတွင် မြေအောက် (Underground) ဖိုင်ဘာကေဘယ်များ ချခင်းခြင်းလုပ်ငန်းအတွက် လိုက်နာရမည့် စံချိန်စံညွှန်းသတ်မှတ်ချက် ထုတ်ပြန်ခြင်း
မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများအနေဖြင့် မြေအောက် (Underground) ဖိုင်ဘာကေဘယ်များ သွယ်တန်းချခင်းတည်ဆောက်ရာတွင် အသုံးပြုဆောင်ရွက်သည့် နည်းပညာများသည် လုံခြုံစိတ်ချရပြီး ကြာရှည် အသုံးခံနိုင်ရမည့်အပြင် အနာဂတ် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရာတွင် လွယ်ကူစေပြီး ဆက်သွယ်ရေးအခြေခံအဆောက်အအုံ တည်ဆောက်ခွင့်ရရှိထားသော အခြားသောလိုင်စင်ရ ဆက်သွယ်ရေးကုမ္ပဏီများက တည်ဆောက်ထားရှိပြီးဖြစ်သည့် မြေပေါ်၊ မြေအောက်ဖိုင်ဘာကေဘယ်လမ်းကြောင်းများ၊ အများပြည်သူ အသုံးပြုနေသည့် လမ်းများနှင့် အခြေခံအဆောက်အအုံများ ထိခိုက်မှုမရှိစေရန်၊ ဆက်သွယ်ရေးအခြေခံအဆောက်အအုံများ တည်ဆောက်ကြရာတွင် တူညီသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များဖြင့် ဆောင်ရွက်နိုင်စေရန်နှင့် အခြားသော Right of Way (RoW) စီမံခန့်ခွဲခွင့်ရှိသူတို့၏ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်သွားနိုင်ရန်တို့အတွက် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၈၃ အရ ဝန်ကြီးဌာန၏ အတည်ပြုချက်ဖြင့် စံချိန်စံညွှန်းသတ်မှတ်ချက်များအား ပူးတွဲပါအတိုင်း ထုတ်ပြန်ထားကြောင်း အများပြည်သူသိရှိစေရန် အသိပေးကြေညာအပ်ပါသည်။
ဖတ်ရန်
သိမ်းဆည်းရန်
Posted by
ptd
Posted on
January 28, 2026